
ကိုးကွယ်မှုမပါတဲ့ ဗုဒ္ဒဓမ္မ
စာရေးသူ - မောရိသျှ
အကျဉ်းချုပ်
ရိုးရှင်းသလောက် အင်မတန်အရေးပါတဲ့ ဒီစာအုပ်လေးမှာ စာရေးသူစတီဗင်ဘတ်ချလာက ဗုဒ္ဓဆိုတာဟာ ထူးခြားဆန်းကျယ်တဲ့ တန်ခိုးရှင် မှော်ရှင်လိုမျိုး အခွင့်ထူခံ နာမည်ယူဖို့ ပေါ်ထွက်လာတဲ့ ပုဂ္ဂိုလ်မဟုတ်ကြောင်း ရှင်းလင်းထားပြီး၊ အသက်ရှင်မှုရဲ့ အခက်အခဲ အကျပ်အတည်းဒုက္ခဆင်းရဲကို ဘယ်လိုရင်ဆိုင်ရမယ်ဆိုတာနဲ့၊ ဒုက္ခဆင်းရဲတွေရဲ့ ဇာစ်မြစ်ကို သိနိုင်ဖို့ရော ဘဝနေးရေး လမ်းစဉ်အမှန်ကို လျှောက်လှမ်းတက်ဖို့ရာ တွေးခေါ် မျှော်မြင်ကျင့်ကြံအားထုတ်ဖို့အတွက် အဖြေထုတ်ပေးနိုင်ခဲ့တဲ့ လူသားတစ်ဦးတစ်ယောက်သာဖြစ်ကြောင်း အကြောင်းအချက်များစွာနဲ့ နှိုင်းယှဉ်ပြီး အနှစ်ချုပ် တင်ပြထားပါတယ်။ ဗုဒ္ဓဘာသာဆိုတာနဲ့ ဗုဒ္ဓဝါဒကျင့်စဉ်ဆိုတာက ယုံကြည်သက်ဝင်ထားမှ အလုပ်ဖြစ်နိုင်တာမျိုး မဟုတ်ဘဲ၊ အမှန်တော့ နေ့စဉ် လူနေမှုဘဝနဲ့ ထင်ဟပ်မှုရှိတဲ့ အကျင့်အကြံတွေသာဖြစ်ကြောင်း၊ ဗုဒ္ဓဖော်ထုတ်လမ်းညွှန်ပေးထားတဲ့ လွတ်မြောက်ရာလမ်းစဉ်က ကိုယ့်မှာ သီးခြားကွဲပြားတဲ့ ယုံကြည်သက်ဝင်မှုတွေရှိနေပါစေ အလုပ်ဖြစ်တဲ့ လက်တွေ့အမှန်တရားတွေဖြစ်ကြောင်း စောဒကများစွာနဲ့ တိတိပပ ဖြေရှင်းပြထားပါတယ်။
စာမျက်နှာ
167
ပုံစံ
Paperback
ထုတ်ဝေသူ
ပန်းဆက်လမ်း
ထုတ်ဝေသည့်နှစ်
2025
ထုတ်ဝေမူ
1st Edition
စာအုပ်အရွယ်အစား
14.5 × 20.5 cm
ISBN
979-4-318-01273-2
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
ဘာသာရေး
အမျိုးအစားခွဲများ
ဘာသာရေး, မြန်မာပြန်