
ဝတ္ထုတို သဘောတရား နှင့် ဝတ္ထုတိုဖန်တီးရေးသားမှုအတတ်ပညာ
စာရေးသူ - မမိုးမြေ
အကျဉ်းချုပ်
ယခင် ပေါ်ထွက်ခဲ့သော စာအုပ်၊ စာတမ်းများမှသည် မျက်မှောက်ကာလ၊ မဝေး လွန်းသော နှစ်များတွင် ပေါ်ထွက်သော စာအုပ်၊ စာတမ်းများအထိ အကိုးအထောက်များကို အခြေခံ၍ ပြုစုထားခြင်း ဖြစ်သည့် အတွက် လေ့လာသူများ အသိအမြင်ပွားစရာ ဖြစ်သည် နှင့်အမျှ ဆက်လက် လေ့လာရမည့် လမ်းကြောင်းကို ထင်ထင်လင်းလင်း သတိပြုမိစရာ ဖြစ်ပါသည်။ စင်စစ်အားဖြင့် စာပေသဘောတရားနည်းနာများကို အင်္ဂလိပ်ဘာသာဖြင့် ရေးထားသည့် စာအုပ်၊ စာတမ်း အများအပြား ရှိသော်လည်း မြန်မာဘာသာဖြင့် ရေးထား သည့် စာအုပ်စာတမ်း ဟူ၍ များများစားစား မရှိသေးပါ။ မမိုးမြေသည် ရှေ့တွင် ဖော်ပြခဲ့ သည့် အတိုင်း ‘တက္ကသိုလ် မြန်မာစာဆရာ' သက်သက်မျှသာ မဟုတ်ဘဲ ဝတ္ထုတိုများကို ဝါသနာအလျောက် မွေ့မွေ့လျော်လျော် ဖန်တီးရေးဖွဲ့သော 'ဝတ္ထုရေးဆရာ' ဘဝ၊ မြန်မာ စာပေကို သုတေသနပြု၍ ကျမ်းများ၊ စာအုပ်များ ပြုစုသော 'စာပေသုတေသနပညာရှင်' ဘဝတို့ကို နှစ်နှစ်သက်သက် ခံယူကာ မြန်မာစာပေလေ့လာမှုအတွက် အထောက်အကူပြု သော ဤကျမ်းအပါအဝင် ကျမ်းများကို ရေးသားပြုစုသည့် အတွက် များစွာ ဝမ်းသာကြည်နူး ရပါသည်။ ဆက်လက် ပြုစုနိုင်ပါစေဟုလည်း ဆန္ဒပြုပါသည်။
စာမျက်နှာ
328
ပုံစံ
Paperback
ထုတ်ဝေသူ
ကံကော်ဝတ်ရည်စာပေ
ထုတ်ဝေသည့်နှစ်
2024
ထုတ်ဝေမူ
3rd Edition
စာအုပ်အရွယ်အစား
22 × 15.5 cm
ISBN
978-9-998-65229
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
မြန်မာစာပေ
အမျိုးအစားခွဲများ
ဝတ္ထု, သုတ