
မန္တလေးမဟာမုနိတံတိုင်းအတွင်းရှိ ကျောက်စာများ (သတ္တမတွဲ)
စာရေးသူ - ဒေါ်အုန်းကြည်(မြန်မာသမိုင်းအဖွဲ့ဝင်)
အကျဉ်းချုပ်
မန္တလေးမဟာပုနိတံတိုင်းတွင်းရှိ ကျောက်စာများ သတ္တမတွဲတွင်ပါဝင်သော ကျောက်စာများသည် သက္ကရာဇ် ရ၁၉ မှ ၇၃၉ ခရစ်နှစ် ၁၃၅ရ မှ ၁၃ရရ အထိ ကျောက်လတိုင် (ဂုရု) တိုင်ဖြစ်ပါသည်။ ပင်းယ ငါးစီးရှင်ကျော်စွာ၏သား ကျော်စွာငယ် (၁၃၅၀.၅၉) မှ ပင်းယပျက် သည့် ၁၃၆၄ ထိ၊ စစ်ကိုင်းမင်းဆက် သီဟပတိ (၁၃၅၂-၁၃၆၄) လက်ထက်နှင့် အင်းဝမင်းဆက် သတိုးမင်းဖျား၊ (၁၃၆၄ ၁၃၆၇)နှင့် မင်းကြီးစွာစော်ကဲ (၁၃၆၇-၁၄၀၀) လက်ထက် ၁၃၇၇ ခုနှစ်အထိမင်း၊ မိဖုရား၊ မြို့စားမင်းသားများ၊ အမတ်၊ စစ်သူကြီး၊ သူကြီး၊ ပြည်စိုးများ၊ ဘုရား၊ ကျောင်း၊ ပိဋကတ်တိုက်၊ သိမ်၊ ဂူများ ဆောက်လုပ်လှူဒန်းကာ သာသနာ ၅၀၀၀ တည်ရန် ရည်မှန်း၍ ပြေ၊ ထန်းနှင့် ကျွန်များ လှူဒိန်းသော အလှူမှတ်တမ်းများဖြစ်ပါသည်။ ထိုအလှူမှတ်တမ်းများ၌ ပင်းယခေတ်၊ စစ်ကိုင်းခေတ်၊ အင်းဝခေတ်၏ မင်းဆက်များ၊ မှူးမတ်များ၊ မြို့စားမင်းသားများ၊ ပင်းနှင့်ပင်းမှုထမ်းများ ဆက်ဆံရေး၊ မြေလှူရာတွင်လိုက်နာရသည့် ဓလေ့ထုံးတမ်းများနှင့် ထိုခေတ်များ၏ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး အခြေအနေကို တစ်စေ့တစ်စောင်း ဖော်ပြနေ သဖြင့် သမိုင်းသုတေသီများအတွက် ဤကျောက်စာများသည် များစွာ အထောက်အကူပြုမည်ဟု ယုံကြည်ပါသည်။
စာမျက်နှာ
339
ပုံစံ
Paperback
ထုတ်ဝေသူ
မြန်မာ့သမိုင်းသုတေသန
ထုတ်ဝေသည့်နှစ်
2015
ထုတ်ဝေမူ
1st Edition
စာအုပ်အရွယ်အစား
24 × 18.2 cm
ISBN
-
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
သမိုင်း
အမျိုးအစားခွဲများ
ကျောက်စာ