
ဝုတ္တောဒယဗောဓိ
စာရေးသူ - အရှင်ဂုဏိဿရ
အကျဉ်းချုပ်
ပုဒ်တစ်ပုဒ်၏ အနေအထားကို သိနိုင်ရန်နှင့် သဒ္ဒါရေးအမြင်ရှိရန် ဝိဂ္ဂဟများကို ထည့်ဆိုဖွင့်ပြထားပါသည်၊ ထို့ပြင် ရှေး ဆရာတော်များ၏ အယူအဆကို သိနိုင်ရန်နှင့် ထိုအယူအဆများကို ထိန်းသိမ်း သည့်အနေဖြင့် ဂါထာအမည် ဆန်းအမည် ဖွင့်ဆိုချက်များကို ရှေးဆရာတော် ကြီးများနည်းအတိုင်း ထည့်သွင်းထားပါသည်၊ ဂါထာသရုပ်ကို ရေတွက်ရာ၌ မာဂဓဝုတ္တောဒယ၌ မိန့်ဆိုအပ်သည့်အတိုင်းသာ ရေတွက်ထားပါသည်။ ယတိပြဿနာများကိုလည်း မာဂဓယေတိစည်းကမ်းနှင့်အညီ ဖြေရှင်းထားပါသည်၊ လေ့ကျင့်ခန်းမေးခွန်းများကိုလည်း ထုတ်ပေးထားပါသည်၊ ထိုလေ့ကျင့်ခန်း မေးခွန်းများ၏ အဖြေကိုကား မြန်မာဘာသာဖြင့် မပြပါ၊ ပါဠိဂုဏ်ထူးယူလိုသူ များအတွက်ရည်ရွယ်၍ ပါဠိဘာသာဖြင့် ဖြေပြထားပါသည်၊ ပါဠိဘာသာဖြင့် အဖြေပေးထားသော်လည်း မြန်မာလိုနားလည်နိုင်လောက်ပါသည်။ အချုပ်မှာ ဤကျမ်း၌ သက္ကတမဖက် မာဂဓသက်သက် ဖွင့်ဆိုချက်များကိုသာ တွေ့မြင် ကြရပါမည်၊ သက္ကတမနှော မာဂခသဘောကိုသာ လေ့လာကြရပါမည်၊ သို့ ဖြစ်၍ မလျော်မှားယွင်း အပြစ်မကင်းသောအချက်များ တွေ့ပါက အမှန်မြင်၍ ပြင်ဆင်ကြည့်ရှုကြပါရန် ပန်ကြားပါသည်။
စာမျက်နှာ
258
ပုံစံ
Paperback
ထုတ်ဝေသူ
ဗုဒ္ဓစာပေထိန်းသိမ်းပြန့်ပွားရေးအဖွဲ့
ထုတ်ဝေသည့်နှစ်
2020
ထုတ်ဝေမူ
4th Edition
စာအုပ်အရွယ်အစား
20 × 14.2 cm
ISBN
-
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
ဘာသာရေး
အမျိုးအစားခွဲများ
ဘာသာရေး