
ကောသလအိမ်မက်၁၆ချက်
စာရေးသူ - အဂ္ဂမဟာပဏ္ဍိတပါဠိဆရာကြီးဦးလင်းနှင့် ဆရာခိုင်၊ ဆရာတင်
အကျဉ်းချုပ်
ဤ “မဟာကောသလ၏ သောဠသ အိပ်မက်ခန်း” ၌ မဟာသုပိနဇာတ်တော်ကြီးလာ ကထာပမဗန္ဓ ဒေသနာအရ သိသာနာပျော်ဖွယ် တင့်တယ်စွာ စီစဉ်ထားခြင်း နောက်သား နောင်လာ အမျိုးသား အမျိုးသမီးတို့နှုတ်၌ ကျက်ဆောင်ထားရန် ရှေးဆရာတို့ ရေးသားခဲ့သော အချိုးလင်္ကာတို့ကို ဆိုင်ရာ ဆိုင်ရာ၌ ဖော်ပြထားခြင်း၊ ၎င်းပြင် သံပေါက် လင်္ကာတို့ကို ကျက်မှတ် လိုသူတို့အတွက် သံပေါက်လင်္ကာကို ဖြည့်စွက်ထားခြင်း၊ စာသား အတွင်း၌ ပါရှိသော သိမှတ်ဖွယ်ရာ အချက်စုတို့ကို စာမျက်နှာ၏ အောက်၌ အက္ခရာစာလုံးငယ်ဖြင့် မကျဉ်းအကျယ် ဖော်ပြပါ ရှိခြင်း၊ ရှုကြည့်သူတို့၏ စိတ်ဝယ် သရုပ်သကောင် ပေါ်လွင် ထင်ရှားစေရန် စိတ်ကူးဉာဏ်ထက်သန်စူးရှသော ပန်းချီလက်တက် ဆရာတို့ ရေးသားအပ်သော ပုံပေါင်းများစွာတို့ကို ကြားညှပ်ကာ ဖော်ပြ ထားခြင်း၊ ဘော်ဖြူငွေသွင် စက္ကူပြင်ဝယ် ထင်ရှာပီသသော အက္ခရာစာလုံးတို့ဖြင့် ထင်ရှားပေါ်လွင်စေခြင်း၊ အခင်း ခင်း အဝဝ ပြည့်ကုန်ငလျက် လှပပေါင်းချုပ် ကျွန်ုပ်တို့ “ဇမ္ဗူ့ မိတ်ဆွေ ပိဋကတ်ပုံနှိပ်တိုက်ပိုင်ရှင် ဒေါ်ဖွားတင်” က သိုက်မြိုက်ဝေဖန် မှန်ကန်အောင် စီစဉ်၍ စက်တင်ပုံနှိပ်လိုက်ပါ ကြောင်း။
စာမျက်နှာ
106
ပုံစံ
Paperback
ထုတ်ဝေသူ
SEIKKU CHO CHO
ထုတ်ဝေသည့်နှစ်
2017
ထုတ်ဝေမူ
2nd Edition
စာအုပ်အရွယ်အစား
19 × 12.5 cm
ISBN
-
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
ဘာသာရေး
အမျိုးအစားခွဲများ
ဘာသာရေး