
ဝိနယသဂ်ဟပန်းကုံး (ပထမတွဲ)
စာရေးသူ - အရှင်ကုမာရ
အကျဉ်းချုပ်
ကိစ္စများကြောင့် ဆက်လက်မရေးသားနိုင်ဘဲရှိခဲ့ရာ ရေးပြီးခဲ့သမျှ အပိုင်းများကို ယခုဆရာတော်ပျံလွန်တော်မူပြီးနောက် ပုံနှိပ်ထုတ်ဝေရခြင်း ဖြစ်ပါသည်၊ ဆရာတော်သည် ဤဝိနယသင်္ဂဟပန်းကုံးကျမ်းကို ရေးသားရာ၌ ဝိနယသင်္ဂဟအဋ္ဌကထာ ကျမ်းပြုဆရာ အရှင်သာရိပုတ္တရာသည် မိမိ၏ ကျမ်းကို ပါဠိတော်နှင့်တကွ အရှင်ဗုဒ္ဓဃောသ၏ ဝိနည်းအဋ္ဌကထာများမှ ထုတ်နုတ်စုစည်းကာ ပြုစုသကဲ့သို့ နိဿယနက်များကို တောင်မြို့ မဟာဂန္ဓာရုံ ဆရာတော်ဘုရား၏ ပါရာဇိကဏ်ဘာသာဋီကာစသည်မှ ထုတ်နုတ်ပြုစု ထားပါသည်၊ တချို့နေရာများ၌ မိမိသဘောကျ အနက်ပေးထားသည် များလည်း ရှိပါသည်။ အဓိပ္ပာယ်များကိုလည်း ဘာသာဋီကာမှ ထုတ်ပြသင့် သည်တို့ကို ထုတ်ပြ၍ သက္ကဋအဘိဓာန်, ဟိန္ဒီအဘိဓာန်, အင်္ဂလိပ် အဘိဓာန် တို့နှင့် တိုက်ဆိုင်ကာ သုတေသန ပြုသင့်သည်တို့ကိုလည်း သုတေ သနပြုထား ပါသည်၊ ယင်းသုတေသနပြုချက်များကို ဤကျမ်းစာအတွင်း၌ တွေ့ကြရမည် ဖြစ်၍ ဤနိဒါန်း၌ ထုတ်မပြတော့ပါ။ ဤသို့လျှင် ဆရာတော်ပြုစုခဲ့သည့် ဤဝိနယသင်္ဂဟပန်းကုံးကျမ်းကို ဆရာတော်ပျံလွန်တော်မူပြီးနောက် တပည့်များက တာဝန်ယူကာ ပုံနှိပ် ထုတ်ဝေလိုက်ရခြင်း ဖြစ်ပါသည်။
စာမျက်နှာ
683
ပုံစံ
Paperback
ထုတ်ဝေသူ
ဗုဒ္ဓစာပေထိန်းသိမ်းပြန့်ပွားရေးအဖွဲ့
ထုတ်ဝေသည့်နှစ်
2020
ထုတ်ဝေမူ
2nd Edition
စာအုပ်အရွယ်အစား
25 × 18.5 cm
ISBN
-
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
ဘာသာရေး
အမျိုးအစားခွဲများ
ဘာသာရေး