Failed to load image
ဘုန်းမြင့် (မန္တလေး)
စာအုပ် 1 အုပ်
လင့်များ
ကိုယ်ရေးအကျဉ်း
ဘုန်းမြင့် (မန္တလေး) (၁၉၄၇-၁၉၉၇) မန္တလေးမြို့၌ အဖ ဦးကိုမောင်၊ အမိ ဒေါ်မမတို့က ၂၃ ဇန်နဝါရီ ၁၉၄၇ တွင် မွေးဖွားခဲ့သည်။ ၁၉၇၁ ခုနှစ်တွင် သိပ္ပံဘွဲ့ ရရှိခဲ့သည်။ ၁၉၇၂ ခုနှစ်မှ ၁၉၇၆ ခုနှစ်အထိမြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ပါတီပညာပေးရေး ဌာနတွင် စာပြု အဖြစ် အမှုထမ်းခဲ့သည်။ “ဇော်ရဲမြတ်” ကလောင်အမည်နှင့် ဆောင်းပါးများ ရေးသားခဲ့သည်။ ‘နိုင်အေး’ ၊ ‘အေးမြင့်သန့်’ အမည်များဖြင့် ပင်ကိုရေးဝတ္ထုတိုများ၊ 'ဘုန်းမြင့် (မန္တလေး)’ အမည်နှင့် မြန်မာဘာသာပြန်စာများ ရေးသားခဲ့သည်။ Classic ဖြစ်ဖြစ်၊ Modern Fiction ဖြစ်ဖြစ် New Witing ဖြစ်ဖြစ်၊ ဘာသာပြန်သင့်သည်များ ကို ပြန်ဆိုမည် ဖြစ်ကြောင်း၊ ကပ်ဖကာ၏ စာများကို အတိုရော၊ အရှည်ရော အကုန် ဘာသာပြန်ရန် ရည်ရွယ်ကြောင်း၊ ကိုယ်ရည်ကိုယ်သွေး ပျောက်ဆုံးခြင်း (Loss of Personality) နှင့် ကင်းကွာခြင်း သဘောတရား (Alienation) ကို ဝတ္ထုပုံစံနှင့် ဖွဲ့ဆိုတင်ပြတဲ့နေရာမှာ ကပ်ဖကာလောက် ဘယ်သူမှ ရှင်းအောင်၊ ထိမိအောင် မရေးနိုင်ကြဘူးလို့ ထင်ကြောင်း၊ ဒါကြောင့်လဲ သူ့စာတွေကို ကြိုက်ပြီး ဘာသာပြန်ကြောင်း၊ ဒီကနေ့ခေတ်ဟာ “ပုံစံသွင်းခေတ် (Age of Regimentation)”လို့ မြင်ကြောင်း၊ ပုံစံသွင်းတာကို မခံချင်သူတိုင်း၊ မကြိုက်သူတိုင်း ကပ်ဖကာကို ကြိုက်ကြမှာ၊ မြတ်နိုးကြမှာ ဖြစ်ကြောင်း စသည်ဖြင့် လင်းဝေမြိုင်နှင့် အင်တာဗျူးတွင် ပြောဆိုသွားခဲ့သည်။ ဘာသာပြန်ဆိုခဲ့သော စာအုပ်များတွင် ကန္တာရခရီးသည် (Caravans by James A. Michener] (စက်တင်ဘာ ၁၉၈၇) သည် ပထမဆုံးသော လုံးချင်းစာအုပ် ဖြစ်သည်။ ထင်ရှားသော ဘာသာပြန်လက်ရာများမှာ ဗန်ဂိုး [The Life and Work of Van Gogh by Carl Nordenfalk] (သြဂုတ် ၁၉၈၈)၊ နယ်လွန်မေတ္တာ၊ အသွင်ပြောင်းလဲခြင်းနှင့် ကဗျာဆရာ (Andre Gide's La Symphonie Pastorale, Franz Kafka's Metamorphosis and Hermann Hesse's The Poet] (မေ ၁၉၉၀)၊ မဖုရားဒေဝီ [Goddess by M. Pemberton) (ဧပြီ ၁၉၉၃)၊ ဒေါက်တာစီဗားဂိုး [Dr. Zhivago by Boris Leonidovich Pasternak ] (သြဂုတ် ၂ဝဝ၂)၊ စည်းဖောက်သူ [The Immoralist by André Gide] (ဒီဇင်ဘာ ၂ဝဝ၂)၊ အိုင်ဗန်ရဲ့ [One day in the Life of Ivan Denisovich by Aleksandr Isayevich Solzhenitsyn] (ဇန်နဝါရီ ၂၀၀၅) တို့ ဖြစ်ကြသည်။ မမွေ့လိုပြီ (Stract is the Gate by André Gide) '' (The Castle by Franz Kafka) nepted (The Trial by Franz Kafka)၊ အော့နှလုံး (Nausea by Jean-Paul Sartre) '' (The Wall by Jean-Paul Sartre) (Renegade by Albert Camus) တို့ကိုလည်း ဘာသာပြန်ဆိုပြီးကြောင်း မှတ်တမ်းတွေ့ရသည်။ “ကန္တာရခရီးသည်”ဖြင့် ၁၉၈၇ ခုနှစ်အတွက် အမျိုးသားစာပေဆု (ဘာသာပြန် (ရသ)] ရရှိခဲ့သည်။ ၄ အောက်တိုဘာ ၁၉၉၇ တွင် မန္တလေးမြို့ ပုလဲငွေရောင်ရပ် နေအိမ်မှာ ကွယ်လွန်ခဲ့သည်။ ။