Failed to load image
မောင်ရဲခိုင်
စာအုပ် 1 အုပ်
လင့်များ
ကိုယ်ရေးအကျဉ်း
မောင်ရဲခိုင် (၁၉၅၁-၂ဝ၂၃) စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၌ အဖ ဦးဘမြ၊ အမိ ဒေါ်တင်ဦး တို့က ၁၉၅၁ ခုနှစ်တွင် မွေးဖွားခဲ့သည်။ လယ်တီ ပဏ္ဍိတဆရာဦးမောင်ကြီး၏ မြေး၊ ကဗျာဆရာ မောင်သင်းခိုင်၏ ညီတစ်ဝမ်းကွဲ၊ အမည်ရင်း ဦးမြတ်ဦး ဖြစ်သည်။ မုံရွာမြို့ မြို့မဂါတ်ကျောင်း၊ အမှတ် (၂) နှင့် အမှတ် (၁) အစိုးရ အထက်တန်းကျောင်းတို့တွင် အခြေခံပညာ ဆည်းပူးခဲ့သည်။ ၁၉၇ဝ ပြည့်နှစ်တွင် ရှုဒေါင့် (ရှုထောင့်) ဂျာနယ်နှင့် မိုးဝေစာပေမဂ္ဂဇင်းမှာ စာ စတင် ရေးသားခဲ့သည်။ ထို့နောက် အတွေးအမြင်၊ မဟေသီ၊ ရနံ့သစ်၊ ချယ်ရီ စသည့် မဂ္ဂဇင်းများတွင် ကဗျာ၊ ဆောင်းပါး၊ ဝတ္ထုတို၊ ဝတ္ထုရှည်၊ စီမံခန့်ခွဲရေးဆိုင်ရာစာပေများကို ဘာသာပြန်ရေးသားခဲ့သည်။ အထူးသဖြင့် ဖြစ်တည်မှုပဓာနဝါဒီ ယန်းပေါလ်ဆာ့တ်နှင့် ဆီမွန်ဒီဗူးဗွား တို့၏ စာပေလက်ရာများကို နှစ်သက်သဘောကျ ဘာသာပြန်ခဲ့သည်။ ထုတ်ဝေခဲ့သောစာအုပ်အချို့မှာ ဦးလည်မသုန် (ပ၊ ဒု] (၁၉၈၄)၊ ချစ်လွန်းတင် (၁၉၈၅)၊ မှိတ်တုတ်မှိတ်တုတ် ငယ်သောစပိုင် [ပ၊ ဒု (၁၉၈၉)၊ နှစ်တစ်ရာ ခရီးသည် (၁၉၉၉)၊ ဂျပန်ပြည်မှာ လုပ်သည် ဆိုနီနှင့် မိုရိုတာပုံပြင်) (၂၀၀၀)၊ ဆည်းဆာ (၂၀၀၁)၊ မဟာပရဟိတလူသား အဲလ်ဘတ်ရွှိုက်စာ (၂ဝဝ၂)၊ စွမ်းအင်ခြေရာ (၂၀ဝ၃)၊ စတုတ္ထကမ္ဘာ (၂၀ဝ၄)၊ နှလုံးသား အထီးကျန်မုဆိုး (၂ဝဝ၄)၊ သက်တံ့လမ်း (၂ဝဝ၄)၊ ကန္တာရအချစ် အိုအေစစ်မေတ္တာ (၂ဝဝ၅)၊ ဘဝအလွမ်းအိမ် [၂ဝဝ၅ ခုနှစ် အမျိုးသားစာပေဆု (ဘာသာပြန်၊ ရသစာပေ))၊ ဟာမန်ဟက်၏ ဝတ္ထုတိုများ (၂ဝ၁၃)၊ နိုင်ငံသားတို့၏ နိုင်ငံရေး (၂ဝ၁၅)၊ မိုးမသောက် မှောင်မိုက်အရိပ်မပြေးမီ (၂၀၁၇)၊ မြန်မာပြည် လမ်းမကြီး (၂ဝ၁၇)၊ ကောင်းကင်စားကျက် (၂ဝ၂ဝ) တို့ ဖြစ်ကြသည်။ ၂၆ ဇန်နဝါရီ ၂ဝ၂၃ ကြာသပတေးနေ့ နံနက် ၁ဝးဝဝ နာရီခန့်တွင် မန္တလေးမြို့ ပြည်သူ ဆေးရုံကြီးမှာ ကွယ်လွန်ခဲ့သည်။