Failed to load image
ဦးလှမြင့်
စာအုပ် 1 အုပ်
လင့်များ
ကိုယ်ရေးအကျဉ်း
လှမြင့် (ရန်ကုန်တက္ကသိုလ်) (၁၉၄၆-၂၁၁၈) ပဲခူးတိုင်းဒေသကြီး (အနောက်ခြမ်း) ပြည်မြို့၌ အဖ ဦးအောင်မြင့်၊ အမိ ဒေါ်တင်တင်တို့က ၃ ဇူလိုင် ၁၉၄၆ ဗုဒ္ဓဟူးနေ့တွင် မွေးဖွားခဲ့သည်။ အမည်ရင်းမှာ ဦးလှမြင့် ဖြစ်သည်။ ပြည်မြို့ အမှတ် (၁) အစိုးရအထက်တန်း ကျောင်းမှ တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့သည်။ ရန်ကုန် ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်မှနေ၍ မြန်မာစာဖြင့် ဝိဇ္ဇာဘွဲ့ (၁၉၆၈)၊ မဟာဝိဇ္ဇာဘွဲ့ (၁၉၇၆) ရရှိခဲ့သည်။ ၁၉၇၃ မှ ၂ဝဝ၆ အထိ စီးပွားရေးတက္ကသိုလ်၊ စစ်တွေ ဒီဂရီကောလိပ်၊ ရန်ကုန်တက္ကသိုလ်၊ တိရစ္ဆာန်မွေးမြူရေးနှင့်ဆေးကုသရေးတက္ကသိုလ် (ရေဆင်း-ပျဉ်းမနား)၊ တစ်ဖန် ရန်ကုန်တက္ကသိုလ်၊ မကွေးတက္ကသိုလ်၊ မြစ်ကြီးနားတက္ကသိုလ်၊ ဗန်းမော်ဒီဂရီကောလိပ်၊ ရေနံချောင်း ဒီဂရီကောလိပ် တို့၏ မြန်မာစာဌာနများတွင် နည်းပြမှသည် ပါမောက္ခ (ဌာနမှူး) အဆင့်ထိ တာဝန်များကို အဆင့်ဆင့် ထမ်းဆောင်ခဲ့သည်။ ၁၉၉၉ မှ ၂၀၀၁ အထိ ဂျပန်နိုင်ငံ အိုဆာကာ နိုင်ငံခြား ဘာသာသင် တက္ကသိုလ်တွင် ဧည့်ပါမောက္ခ (မြန်မာစာ) တာဝန် ထမ်းဆောင်ခဲ့သည်။ ၂ဝဝ၆ တွင် သက်ပြည့်အငြိမ်းစား ယူခဲ့သည်။ ထို့နောက် ရန်ကုန်တက္ကသိုလ် မြန်မာစာဌာန၏ ပါရဂူ နှင့် မဟာသင်တန်းများအတွက် ကျမ်းခေါင်းစဉ် စိစစ်ရွေးချယ်ခြင်း၊ ကျမ်းကြီးကြပ် စစ်ဆေးခြင်းတို့တွင် ပါဝင်ကူညီဆောင်ရွက်ခဲ့သည်။ ‘လှမြင့် (ရန်ကုန်တက္ကသိုလ်)' ကလောင်အမည်ဖြင့် မြန်မာစာပေ၊ မြန်မာ့ယဉ်ကျေးမှု ဆောင်းပါးများကို ငွေတာရီ၊ မြဝတီ အပါအဝင် ခေတ်ပြိုင် စာနယ်ဇင်းများတွင် ရေးသားခဲ့သည်။ ၂ဝ၁ဝ ပြည့်နှစ် စာပေဗိမာန် စာမူဆုပြိုင်ပွဲတွင် ရွှေနိုင်ငံတော်နှင့် ရွှေပုံရိပ်များ စာမူဖြင့် စာပဒေသာ ဒုတိယဆု ရရှိခဲ့သည်။ အသက် (၇၃) နှစ် အရွယ်၊ ၁၆ ဇူလိုင် ၂၀၁၈ (ဗုဒ္ဓဟူးနေ့) နံနက် ၅း၃ဝ နာရီတွင် ရန်ကုန်မြို့ SSC ဆေးရုံမှာ ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်သိမ်းမြနုမှာ ကွယ်လွန်ခဲ့ပြီး ဖြစ်ရာ၊ သားသမီး (၃) ဦးနှင့် မြေး (၁) ယောက် ကျန်ရစ်ခဲ့သည်။ ။