Failed to load image
ခင်စောတင့်
စာအုပ် 3 အုပ်
လင့်များ
ကိုယ်ရေးအကျဉ်း
စင်စောတင့် (၁၉၃၇-၂၁၂၁] ရန်ကုန်မြို့၌ အဖ ဦးဘတင့် (အိုင်၊ စီ၊ အက်)၊ အမိ ဒေါ် ခင်စောမူ (ခေတ်စမ်းစာဆို) တို့က ၂၀ ဧပြီ ၁၉၃၇ တွင် မွေးဖွားခဲ့သည်။ မွေးချင်း (၂) ဦးသာရှိရာ မောင်ဖြစ်သူမှာ ဦးနေအုပ်တင့် (စာရေးဆရာနှင့် အင်္ဂလိပ်စာပြ ကျူ ရှင်ဆရာ နေအုပ်-စိန်ပေါလ်) ဖြစ်သည်။ ၁၉၆ဝ တွင် ရန်ကုန်တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ကို မြန်မာအနုစာပေ၊ အင်္ဂလိပ် စာပေ၊ မနုဿဗေဒ ဘာသာတွဲဖြင့် ရရှိခဲ့သည်။ ညရန်ကုန် စက်မှုတက္ကသိုလ် အင်္ဂလိပ်စာဌာန (၁၉၆၄-၇၆)၊ တက္ကသိုလ် စာပေးစာယူသင်တန်း အင်္ဂလိပ်စာဌာန (၁၉၇၇-၈၁)၊ ဆေးတက္ကသိုလ် [၁] အင်္ဂလိပ်စာဌာန (၁၉၈၂-၁၉၉၅) တို့တွင် နည်းပြအဖြစ် စတင်အမှုထမ်းခဲ့ပြီး လက်ထောက်ကထိကအဆင့်ဖြင့် အငြိမ်းစား ယူခဲ့သည်။ တက္ကသိုလ်၌ မြန်မာစာပေ၊ အင်္ဂလိပ်စာပေများ သင်ယူခဲ့သည့်အလျောက် နှစ်ဘာသာလုံးတွင် စိတ်ဝင်စားမှု ရှိခဲ့သည်။ ဘာသာပြန်ရမည်ကိုလည်း ဝါသနာပါခဲ့သည်။ မိခင်၏ဗီဇ ပါခဲ့သည်ဟု ဆိုရချိမ့်မည်။ ဖြစ်ချင်သည့် အယ်ဒီတာဘဝ ရယူဖို့ ကြိုးစားခဲ့သော်လည်း ဆရာမအဖြစ်နှင့်သာ အသက်မွေးဝမ်းကျောင်း ပြုခဲ့ရသည်။ အငြိမ်းစားယူပြီးနောက် ဘာသာပြန်ပိုး ပြန်နိုးကြားလာကာ ဘာသာပြန်နှင့် ဘာသာရေး ဆောင်းပါးများ စတင်ရေးသားခဲ့သည်။ နှောင်းပိုင်းတွင် မူရင်းစာအပေါ် မိမိ၏ ခံစားချက်နှင့် ကိုယ်တွေ့ အဖြစ်အပျက်များ ရောစွက်ရေးသားခြင်း၌ ပို၍ အားသန်ခဲ့ကြောင်း ဖွင့်ဟခဲ့သည်။ ကလျာ မဂ္ဂဇင်း (အောက်တိုဘာ ၁၉၉၈) တွင် “ပိုးယပ်တောင်ကလေး' (Woman's Day မဂ္ဂဇင်းမှ Louise Pakeman ၏ The Fan ဝတ္ထုကို မြန်မာမှုပြုထားခြင်း) ကို ရေး၍ စာပေနယ်ထဲ ဝင်ရောက်ခဲ့သည်။ ပထမဆုံးပုံနှိပ် လုံးချင်းစာအုပ်မှာ အမေ ဆောက်ခဲ့သော ရဲတိုက်ကြီးများ (ဒီဇင်ဘာ ၂၀၀၁) ဖြစ်သည်။ စာနယ်ဇင်းများတွင် လစဉ် ဘာသာရေး၊ လူမှုရေး၊ ဘာသာပြန်နှင့် ခရီးသွားဆောင်းပါး မြောက်မြားစွာ ရေးသားခဲ့ပြီး စုစည်း၍ စာအုပ်အဖြစ် ထုတ်ဝေခဲ့သည်။ ယင်းတို့အနက် အချို့မှာ ကိုယ်မှာပင် နာသော်လည်း စိတ်မှာ မနာရအောင်၊ လရောင်အောက်မှ အမေ့ခေတ်စမ်းစာနှင့် သမီး၏ အလွမ်းစာ၊ သတိနဲ့နေခြင်း၏ စွမ်းပကား၊ နေ့စဉ် ကျန်းမာရွှင်လန်းစေဖို့ အကြံပေးစကားများ၊ စွန့်စားမှုဆီသို့ ခြေတစ်လှမ်းနှင့် အတွေးအမြင် စာစုများ၊ စိတ်ကွန်းခိုရာ၊ ကမ္ဘာသစ်ကို ကြိုဆိုလျက်ပါ၊ ပျော်ရွှင်ခြင်းရဲ့ ပဲ့တင်သံများ၊ နေဝင်ချိန်မှာ မီးထွန်းဖို့မမေ့ပါနှင့်၊ သာသနာ့အာစာနည် ရွှေပါရမီ၊ တက္ကစီဒရိုင်ဘာတစ်ဦး၏ နေ့စဉ်မှတ်တမ်း [စင်ကာပူနိုင်ငံ၏ ပညာအတတ်ဆုံး တက္ကစီ ဒရိုင်ဘာ၏ ဖြစ်ရပ်မှန် မှတ်တမ်း] (ဘာသာပြန်) တို့ ဖြစ်ကြသည်။ ၈ သြဂုတ် ၂ဝ၂၁ ရက် နံနက် ၃းဝဝ နာရီတွင် ရန်ကုန်မြို့မှာ ကွယ်လွန်ခဲ့သည်။