ဒဂုန်ဦးထွန်းမြင့်
စာအုပ် 1 အုပ်
လင့်များ
ကိုယ်ရေးအကျဉ်း
ပဲခူးတိုင်း၊ ပဲခူးမြို့၊ မယ်သီလှကန်ရွာ၌ အဖ ဦးမောင်ဖေ၊ အမိ ဒေါ်နှင်းရည်တို့က ၁၉၀၈ ခု ဇွန်လ ၂၇ ရက်တွင် မွေးဖွားခဲ့သည်။ အမည်ရင်းမှာ ဦးထွန်းမြင့်ဖြစ်သည်။ သန်လျင်မြို့ လဟာရက်ရွာကျောင်းတွင် ကိုရင်ဝတ်နှင့် အခြေခံပညာသင်ယူခဲ့သည်။ ဗဟန်း ဗင်္ဂလားတိုက်စကားဝါပင်ကျောင်းဆရာတော်ထံတွင် ပညာသင်ယူခဲ့သည်။ ၁၉၅၂ တွင် အစိုးရ ပထမပြန် စာမေးပွဲ ပထမကြီးတန်း အောင်သည်။ ၁၉၄၉ တွင် လူဝတ်လဲသည်။ ဒဂုန်မဂ္ဂဇင်းအယ်ဒီတာအဖွဲ့ဝင်ဖြစ်လာသည်။ ဒဂုန်မဂ္ဂဇင်းရပ်သွားသောအခါ သုဓမ္မဝတီပုံနှိပ်တိုက် ပါဠိဆရာ (၂၃ မတ် ၁၉၅၀ )၊ ရန်ကုန်တက္ကသိုလ်ဘာသာပြန် စာအုပ်ထုတ်ဝေရေးဌာနတွင် စာပြုဆရာ (၂၁ ဇန်နဝါရီ ၁၉၅၂)၊ လက်ထောက်စာတည်း (၁၆ မေ ၁၉၅၉)၊ ၁၉၆၈ တွင် သက်ပြည့်ပင်စင်ယူခဲ့သည်။ အထက်တန်းပညာဦးစီးဌာနတွင် ပညာရေးအထူးအရာရှိအဖြစ် ဆက်လက်တာဝန်ထမ်းဆောင်ကာ မြန်မာစာကော်မရှင်၏ မြန်မာအဘိဓာန်ကော်မတီတွင် တွဲဖက်အတွင်းရေးမှူးဖြစ်လာသည်။ မြန်စာပြန် ဥက္ကဌအဖြစ်လည်းကောင်းရန်ကုန်တက္ကသိုလ် စာကြည့်တိုက်ပညာဌာန၊ စာကြည့်တိုက်ပညာဒီပလိုမာသင်တန်း၌ ပေရပိုက်ဆိုင်ရာ အချိန်ပိုင်းကထိကအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့သည်။ သက္ကရာဇ် ၁၂၉၃ ခု နယုန်လထုတ် လယ်တီတရားသတင်းစာတွင် ပါခဲ့သည့် ကဗျာမှာ ရှေးဦးလက်ရာကဗျာဖြစ်သည်။ ဒဂုန်မဂ္ဂဇင်း ယုဝတီစက္ခုကဏ္ဍတွင် "ဟင်္သာတခင်ညို"၊ ဟံသာဝတီမဂ္ဂဇင်းတွင် "အရှင်တေဇောသာရမန္တလေးစာသင်သား"၊ "ဒဂုန်တေဇော" ကလောင်အမည်များ ဖြင့်ရေးသားခဲ့သည်။ ပထမပြန်သဒ္ဒါ(၁၉၃၉)၊ တင်တင်မြဝတ္ထု[တတိယတွဲ](၁၉၄၁)၊ လယ်တီဦးဇနိလဆရာတော်ဘုရားကြီဘုရားကြီး၏ ထေရုပ္ပတ္တိကထာ(၁၉၄၈)၊ အခြေခံ ဗုဒ္ဓဘာသာ(၁၉၆၀)၊ အန္တတကဗျာ (တကြိမ်-၁၉၆၂)၊ မင်္ဂလာကဗျာ(၁၉၆၅)၊ ဂေါတမဗုဒ္ဓ(၁၉၆၅)၊ ဗုဒ္ဓမြတ်စွာဘာပြော့ခဲ့သလဲ (၁၉၆၅)၊ဗုဒ္ဓ၏ဩဝါဒအမြုတေ ['ဗုဒ္ဓမြတ်စွာဘာပြော့သလဲ' ကိုဖြည့်စွက်တိုးချဲ့](၁၉၆၇)၊ ဗုဒ္ဓတရား[ဒုကြိမ်တွင်ဗုဒ္ဓ၏ဩဝါဒအမြုတေ(၂)' ဟုပြောင်း](၁၉၆၇)၊ ၊ ပါဠိသက်ဝေါဟာရအဘိဓာန်(၁၉၆၈)၊ ဇာတ်ကြီးဆယ်ဘွဲ့(၁၉၇၃)၊ မဟာရာမဝတ္ထု(၁၉၇၃)၊ ဗုဒ္ဓဘာသာကမ္မဝါဒနှင့်မြန်မာ့ယဥ်ကျေးမှု(၁၉၇၇)၊ စကား(?)၊ ငါးပါးသီလကဗျာ(?) တို့ကိုပြုစုခဲ့သည်။ မြန်မာနိုင်ငံသုတေသနအသင်းအတွက် သတ္တူရူပကဝီလာသနီကျမ်း(၁၉၆၁)နှင့် ဒုတိယတောင်ဘီလာဆရာတော် ဂုဏရံသာလင်္ကာရပြုစုသော အစိန္တေ ယျဝတ္ထု (၁၉၈၀) တို့ကို တည်းဖြတ်ပေးခဲ့သည်။ ၁၉၇၂ ခု အောက်တိုဘာ ၈ ရက်နေ့တွင် ရန်ကုန်တက္ကသီုလ်များဆေးရုံ၌ အသည်းကင်ဆာရောဂါဖြင့်ကွယ်လွန်သည်။