Failed to load image
လင်းယုန်သစ်လွင်
စာအုပ် 3 အုပ်
လင့်များ
ကိုယ်ရေးအကျဉ်း
လင်းယုန်သစ်လွင် [ ၁၉၁ရ-၁၉၉၃ ] ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့၌ အဖ ဦးဖိုးလူ၊ အမိ ဒေါ်နှင်းဦးတို့က ၁၉၁၇ ခုနှစ် စက်တင်ဘာ ၉ ရက်နေ့တွင် ဖွားမြင်သည်။ မွေးချင်း ငါးယောက်အနက် စတုတ္ထမြောက် ဖြစ်သည်။ အမည်ရင်းမှာ ဦးအေးမောင် ဖြစ်သည်။ ညောင်တုန်းမြို့ အစိုးရအထက်တန်းကျောင်းတွင် အဋ္ဌမတန်းအထိပညာသင်ယူခဲ့သည်။ စစ်မဖြစ်မီက မော်လမြို့မမြို့မှာ ထုတ်ဝေသော ခေါင်းတော်သတင်းစာတွင် နယ်သတင်းထောက် ၁၉၄၇ တွင် ဟံသာဝတီ နှင့် ခေတ်' သတင်းစာ နယ်သတင်းထောက်၊ ၁၉၄၉ တွင် ရန်ကုန်သို့ ရောက်ရှိပြီး လင်းယုန်သတင်းစာ အလုပ်သမား သတင်းထောက်အဖြစ် ဆောင်ရွက်ခဲ့သည်။ ထို့နောက် “လင်းယုန်၊ ပြည်တော်သစ်”၊ “လူထု”၊ “ရှုထောင့်' ဂျာနယ်များတွင် အယ်ဒီတာအဖွဲ့ဝင်အဖြစ် လုပ်ကိုင်ခဲ့သည်။ တစ်စောင်တည်းသာ ထုတ်ဝေခဲ့သော ‘မိုးသောက်’ သတင်းမဂ္ဂဇင်းကို ပါရဂူ၊ တင်စိုး၊ နတ်နွယ်တို့နှင့် အတူ ဦးစီးလုပ်ဆောင်ခဲ့သည်။ ပြည်သူ့ဒီမိုကရေစီ အခွင့်အရေးကာကွယ်မှု ကော်မတီ၊ ကမ္ဘာ့ငြိမ်းချမ်းရေး ကွန်ဂရက် (မြန်မာနိုင်ငံ)၊ ပြည်ထောင်စုမြန်မာနိုင်ငံ စာရေးဆရာအသင်း အလုပ်အမှုဆောင် (၁၉၅၇-၅၈) တို့တွင် တာဝန်ထမ်းဆောင်ခဲ့သည်။ “လင်းယုန်သတင်းစာ”တွင် အလုပ်သမား သတင်းထောက် လုပ်ရာမှ ‘လင်းယုန်သစ်လွင်” ကလောင်အမည်ကို ယူခဲ့သည်။ ပထမ ပုံနှိပ်ဝတ္ထုတိုမှာ “ကြိုးနီစနစ်”(လင်းယုန်ဂျာနယ်၊ ၁၉၅ဝ) ဖြစ်သည်။ ပထမဆုံး လုံးချင်းဝတ္ထုမှာ တူပြိုင်လေကူးမယ်ပ (နိုဝင်ဘာ ၁၉၅၂) ဖြစ်သည်။ ၁၉၅၂ မှ ၁၉၈၆ ခုနှစ်အထိလုံးချင်း ၇ဝ အုပ် ရေးသားခဲ့သည်။ ယင်းတို့တွင် စုံထောက်ကြီးဦးဇော်မင်းကို ပင်တိုင်ဇာတ်ဆောင်ပြု၍ “စုံထောက်ကြီး ဦးဇော်မင်းနှင့်” စပယ်ခြံ လူသတ်မှု (၁၉၆၁)၊ စစ်သူလျှိုဂိုဏ်း (၁၉၆၁)၊ လျှို့ဝှက်ရတနာမြေ (၁၉၆၂)၊ လူသတ်ပတ္တမြား (၁၉၆၂) စသည့် စုံထောက်နှင့် လျှို့ဝှက်ဝတ္ထုများ၊ စာပေဗိမာန် ပြည်သူ့လက်စွဲ စာစဉ်ထုတ် ကျွန်းပြန်စိန်တစ်ပွင့်၊ အိမ်ဖော်မြခင်၊ ကိုဖိုးဒေါင်း၊ ငါးပိပဒေသာ၊ လှေ စသည်တို့လည်း ပါဝင်သည်။ ထင်ရှားသော လက်ရာအချို့မှာ ဘုံကျွန် (၁၉၅၄)၊ မေတ္တာသာလျှင် (၁၉၅၇)၊ သေမင်းတမန် လမ်းပေါ်ဝယ် (၁၉၆၄)၊ သက်စွန့် ဆံဖျား (၁၉၆၅)၊ သောင်းဒီပါမြေ (၁၉၆၅) နှင့် ဓမ္မရက္ခိတ ( ? ) တို့ ဖြစ်ကြသည်။ သီတာသောင်ခြေဦး (၁၉၆၂ အနုပညာစာပေ ဝတ္ထုရှည်ဆု)၊ ယိုးဒယား-မြန်မာ မီးရထားလမ်း ကိုယ်တွေ့ ချွေးတပ်မှတ်တမ်း [၁၉၆၈ အမျိုးသားစာပေဆု (စာ ပဒေသာ ဒုတိယဆု)]၊ ဓမ္မဝိလာသ [၁၉၇၁ အမျိုးသားစာပေဆု (ဝတ္ထုရှည်)]ရရှိခဲ့သည်။ မြန်မာသက္ကရာဇ် ၁၃၁၃ ခု စာဆိုတော်နေ့ ဝတ္ထုတိုပြိုင်ပွဲတွင် ‘မြေယာ၏သား” ဖြင့် ဗမာနိုင်ငံ စာရေးဆရာ အသင်းကြီး၏ ဝတ္ထုတိုဆုကို ရရှိခဲ့သည်။ ယိုးဒယား-မြန်မာ မီးရထားလမ်း ကိုယ်တွေ့ ချွေးတပ်မှတ်တမ်း ကို ဂျပန်ဘာသာဖြင့် ပုံနှိပ် ထုတ်ဝေခဲ့သည်။ “ဘုံကျွန်သည် မြန်မာ့ကျေးလက်ဘဝနှင့် မြန်မာတောသူတောင်သားတို့ဘဝ၊ မြန်မာလယ်သမားတို့၏ ဘဝကို ဖော်ကျူးနိုင်ခဲ့သည်။ ... သူ၏ ထင်ရှား အောင်မြင်သော ဝတ္ထုတစ်ပုဒ် ဖြစ်ခဲ့သည်”ဟု နတ်နွယ်က ရေးခဲ့သည်။ "ရိုးရိုး ရှင်းရှင်းနှင့်ပင် စာဖတ်သူတို့ကို ဆွဲဆောင်နိုင်စွမ်း ရှိပေသည်” ဟူ၍လည်း မလိခက ဖော်ပြခဲ့သည်။ ဒဂုန်ရွှေမျှားက ‘သီတာသောင်ခြေဦး” ကို “အဆင့် အတန်းမြင့်သော ဘဝသရုပ်ဖော်ဝတ္ထု”ဟု ကောက်ချက်ချခဲ့သည်။ ဓမ္မဝိလာသ” ဝတ္ထုနှင့် ပတ်သက်၍မူ နှစ်ခြိုက်သူများစွာ ရှိခဲ့သလို ထောက်ပြဝေဖန်သည့် သုတေသီအချို့လည်း ပေါ်ထွက်ခဲ့သည်။ ရသဖန်တီးသူနှင့် သုတေသီအကြား အနက်ကောက် သွေလွဲခြားနားမှု ရှိနိုင်သည်မှာ ဖြစ်ရိုးဖြစ်စဉ်တစ်ရပ်ဟု ယူသော် ရမည် ထင်ပါသည်။ ၂၁ ဩဂုတ် ၁၉၉၃ တွင် ရန်ကုန်မြို့၌ ကွယ်လွန်သည်။