ကိုယ်ရေးအကျဉ်း
ဗန်းမော် သိန်းဖေ၏ ကိုယ်ရေးအကျဉ်း ၁၉၅၀ ခုနှစ် နိုဝင်ဘာလ (၁၀) ရက်နေ့တွင် ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ မွေးဖွားခဲ့သည်။ ဗန်းမော်မြို့၊ အမှတ် (၂) အစိုးရအထက်တန်းကျောင်းတွင် မူလတန်းမှ စ၍ ပညာသင်ကြားခဲ့ပြီး ၁၉၆၉ ခုနှစ်မှာ ၁၀ တန်း အောင်မြင်ခဲ့ပါသည်။ ၁၉၆၉ ခုနှစ်မှာ ရန်ကုန်စက်မှုတက္ကသိုလ်မှာ စတင် ပညာသင်ကြားခဲ့သည်။ ၁၉၇၅ ခုနှစ်မှာ ဘီအီး (လျှပ်စစ်စွမ်းအား) ဖြင့် အင်ဂျင်နီယာဘွဲ့ ရခဲ့သည်။ ၁၉၇၉ ခုနှစ်မှ ၁၉၈၉ ခုနှစ်အထိ အမှတ်(၂) စက်မှုဝန်ကြီးဌာန၏ စက်မှုဆောင်ရွက်မှုလုပ်ငန်းတွင် လက်ထောက် စီမံကိန်း အင်ဂျင်နီယာ ၊ ဒု စီမံကိန်း အင်ဂျင်နီယာ၊ ဒု လက်ထောက်ညွှန်ကြားရေးမှူး တာဝန်များ ထမ်းဆောင်ခဲ့သည်။ ၁၉၉၀ ခုနှစ်မှ စတင်၍ စင်ကာပူနိုင်ငံ၊ ချန်ဂီ အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် Engineer, Senior Engineer, Facilities Manager, Senior Facilities Manager တာဝန်များ ထမ်းဆောင်ခဲ့ပြီး ၂၀၁၆ ခုနှစ် ဩဂုတ်လတွင် ယင်းအလုပ်မှ အနားယူခဲ့ပါသည်။ ယခုအခါ ရန်ကုန်မြို့နှင့် စင်္ကာပူနိုင်ငံတွင် တစ်လှည့်စီ နေထိုင်ပြီး စာရေးသားခြင်း အလုပ်ကိုသာ လုပ်နေပါသည်။ ဗန်းမော် သိန်းဖေမှာ ဇနီး ဒေါ်တင်တင်အေး၊ သား သမီး ၃ ယောက်နှင့် မြေး ၂ ယောက် ရှိပါသည်။
