Failed to load image
ဒေါ်အုန်းကြည်(မြန်မာသမိုင်းအဖွဲ့ဝင်)
စာအုပ် 6 အုပ်
လင့်များ
ကိုယ်ရေးအကျဉ်း
ဒေါ်အုန်းကြည် (မြန်မာသမိုင်း အဖွဲ့ဝင်) (၁၉၃၄−၂ဝ၂၁) စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့၌ အဖ ဦးဘသန်း၊ အမိ ဒေါစိန်ရင် တို့က ၁၇ အောက်တိုဘာ ၁၉၃၄ တွင် မွေးဖွားခဲ့၍၊ အမည်ရင်း ဒေါ်အုန်းကြည် ဖြစ်သည်။ ချောင်းဦးမြို့ အစိုးရအထက်တန်းကျောင်းတွင် အခြေခံပညာ (၁၉၄၂-၅၂) သင်ယူခဲ့ သည်။ ၁၉၅၃ တွင် မန္တလေးတက္ကသိုလ်၌ ဝိဇ္ဇာဘာသာတွဲဖြင့် တက်ရောက်ခဲ့ရာ မဟာဝိဇ္ဇာ ဘွဲ့ (သမိုင်း) ကို ၁၉၆၈ မှာ ရရှိခဲ့သည်။ တက္ကသိုလ်၊ ကောလိပ် သမိုင်းဌာနများမှာ အမှုထမ်းခဲ့ရာ၌ မန္တလေး တက္ကသိုလ်နှင့် မကွေးကောလိပ်တွင် နည်းပြဆရာမ (၁၉၅၇-၆၁)၊ မကွေးကောလိပ်၊ မန္တလေး ဝိဇ္ဇာနှင့်သိပ္ပံ တက္ကသိုလ်၊ မြစ်ကြီးနားကောလိပ်တို့တွင် လက်ထောက်ကထိက (၁၉၆၁-၈ဝ)၊ မကွေးဒီဂရီကောလိပ်၊ မန္တလေး ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်တို့တွင် ကထိက (၁၉၈ဝ-၈၆)၊ မကွေးဒီဂရီကောလိပ် ၌ တွဲဖက်ပါမောက္ခ (၁၉၈၆-၈၈)၊ မကွေးဒီဂရီကော လိပ်၊ မန္တလေးတက္ကသိုလ်နှင့် ရန်ကုန်တက္ကသိုလ်တို့တွင် ပါမောက္ခ (၁၉၈၈-၉၅) အဖြစ် တာဝန်ယူခဲ့ပြီးနောက် ၁၉၉၅ တွင် ရန်ကုန်တက္ကသိုလ် သမိုင်းဌာန ပါမောက္ခ ရာထူးဖြင့် အငြိမ်းစားယူခဲ့သည်။ ၈ သြဂုတ် ၁၉၉၆ တွင် မြန်မာသမိုင်းအဖွဲ့ အမြဲတမ်းအဖွဲ့ဝင်အဖြစ် ခန့်အပ်တာဝန်ပေးခြင်း ခံရသည်။ ၁၉၉၁ တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ စင်ကာပူနိုင်ငံများသို့ သမိုင်းသုတေသန လေ့လာရေးခရီးစဉ်အဖြစ်နှင့် သွားရောက်ခဲ့သည်။ နိုင်ငံတော်မှ ချီးမြှင့်ခဲ့သော ပြည်သူ့ဝန်ထမ်းတံဆိပ်၊ ငြိမ်ဝပ်ပိပြားရေးနှင့် တရားဥပဒေ စိုးမိုးရေး ဘွဲ့တံဆိပ်များ ရရှိခဲ့သည်။ ဒေါက်တာသန်းထွန်းနှင့် တွဲဖက်၍ “ဒေါ်အုန်းကြည် (၂)”အမည်ဖြင့် ဝက်မစွတ် နေ့စဉ်မှတ်တမ်း-ပထမတွဲ (၁၈၈၆-၁၈၈၈] (၂ဝဝ၅)၊ ဒုတိယတွဲ (၁၈၈၉-၁၈၉၃] (၂ဝဝ၆)၊ တတိယတွဲ ၁၈၉၄-၁၈၉၈] (၂ဝဝ၇) တို့ကို တည်းဖြတ်ခဲ့သည်။ တစ်ဦးတည်း တည်းဖြတ်ခဲ့သည့် မန္တလေး မဟာမုနိ တံတိုင်းအတွင်းရှိ ကျောက်စာများ-စတုတ္ထတွဲ (၂၀၁၂)၊ ပဉ္စမတွဲ (၂၀၁၃)၊ ဆဋ္ဌမတွဲ (၂၀၁၄)၊ သတ္တမတွဲ (၂၀၁၅)၊ အဋ္ဌမတွဲ (၂၀၁၆)၊ နဝမတွဲ (၂၀၁၈)၊ ဒသမတွဲ (၂၀၁၉) နှင့် အလောင်းမင်းတရားအရေးတော်ပုံ (၂၀ဝ၉) တို့ ဖြစ်ကြသည်။ ပြုစုခဲ့သော စာအုပ်အချို့မှာ မြန်မာသမိုင်းအဖွဲ့ဝင် ဒေါ်အုန်းကြည်၏ လက်ရွေးစင်စာတမ်းများ (၂၀၀၄)၊ အလောင်းမင်းတရား (၂ဝ၁ဝ) တို့ ဖြစ်သည်။ “ဒေါ်အုန်းကြည်၏ လက်ရွေးစင်စာတမ်းများ (၂ဝဝ၄)” မှာ မပါဝင်ဘဲ “မြန်မာသမိုင်း သုတေသနစာစောင်” တွင် ပုံနှိပ်ဖော်ပြခဲ့သော စာတမ်းအချို့မှာ ‘နရပတိ ထူပါရုံ ကျောက်စာ”၊ {အမှတ်-၅)(ဇွန် ၂ဝဝဝ)၊ စစ်ကိုင်း မဟာသူရကျောင်းကျောက်စာ၊ [အမှတ်-၉] (ဇွန် ၂ဝဝ၂)၊ 'ရာဇမဏိစူဠာ ကျောက်စာ'၊ အမှတ်-၁၀] (ဒီဇင်ဘာ ၂ဝဝ၂)၊ အနန္တသူရိယကျောင်း ကျောက်စာ” (အမှတ်-၁၁ (ဇွန် ၂၀၁၃) တို့ ဖြစ်ကြသည်။ ထို့ပြင် မြန်မာသမိုင်းအဖွဲ့ ရွှေရတုအထိမ်းအမှတ်စာစောင် (၂၀၀၄) တွင် 'မြန်မာကျောက်စာများ (အေဒီ ၁၅၀၀-၁၆ဝဝ) ပါ မြန်မာသမိုင်း”နှင့် ဦးမောင်မောင်တင် (မဟာဝိဇ္ဇာ) အမှတ်တရ စာတမ်းများ (၂ဝဝ၇) တွင် “စစ်ကိုင်းရတနာစေတီဆင်များရှင်ကျောက်စာ” တို့ကိုလည်း ရေးသားပြုစုခဲ့သည်။ အသက် (၈၇) နှစ် အရွယ်၊ ၁၅ ဖေဖော်ဝါရီ ၂၀၂၁ တွင် ကွယ်လွန်ခဲ့သည်။