
ဒေါက်တာကျော်ဝင်း၏လက်ရွေးစဉ်စာတမ်းများ
စာရေးသူ - ဒေါက်တာကျော်ဝင်း
အကျဉ်းချုပ်
သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာနသည် သမိုင်းအစဉ်အလာကြီးပေးပြီး ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် ပေါ်ကြွယ်ဝသော မြန်မာနိုင်ငံ၏ တစ်ဆက်စပ်တည်းသော သမိုင်းကို ဖော်ထုတ်နိုင်ရေးအတွက် သုတေသနလုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိပါသည်။ သုတေသနလုပ်ငန်းမှ ပေါ်ထွက်လာသော ရလဒ်များသည် အနာဂတ်လူငယ်တို့အတွက် အသိအမြင်သစ်၊ အတွေးအခေါ်သစ်များ ရရှိစေပြီး အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေး၊ အမျိုးသားစရိုက်လက္ခဏာ မပျောက်ပျက်ရေး၊ မျိုးချစ်စိတ်ဓာတ် ရှင်သန်ရေးတို့အတွက် အထောက်အကူပြုစေလိမ့်မည်ဟု မျှော်လင့်ပါသည်။ မြန်မာသမိုင်းအဖွဲ့၊ အတွင်းရေးမှူး ဒေါက်တာကျော်ဝင်း၏ လက်ရွေးစင်ကတမ်းများ (Selected Writings of Dr Kyaw Win) စာအုပ်ကို ယဉ်ကျေးမှုဝန်ကြီးဌာနက ထုတ်ဝေပေးနိုင်ခြင်းအတွက် ဂုဏ်ယူဝမ်းမြောက်ပါသည်။ ဤစာအုပ်သည် မြန်မာသမိုင်းဆိုင်ရာ နိုင်ငံရေး၊ စီးပွားရေး။ လူမှုရေး၊ ရှေးဟောင်းသုတေသန၊ နိုင်ငံခြားဆက်ဆံရေးအခြေအနေကို ဖော်ပြထားသဖြင့် သမိုင်းသုတေသီများအတွက် များစွာ အထောက်အကူပြုမည်ဟု ယုံကြည်ပါသည်။
စာမျက်နှာ
145
ပုံစံ
Paperback
ထုတ်ဝေသူ
မြန်မာ့သမိုင်းသုတေသန
ထုတ်ဝေသည့်နှစ်
2015
ထုတ်ဝေမူ
1st Edition
စာအုပ်အရွယ်အစား
24.2 × 16.5 cm
ISBN
-
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
သမိုင်း
အမျိုးအစားခွဲများ
စာတမ်းများ