
ကိုလိုနီခေတ် မြို့အုပ်ကြီးတစ်ဦး မှတ်တမ်း အနောက်တံခါးမှူး မောင်မှူး
စာရေးသူ - ဒေါက်တာတိုးလှ
အကျဉ်းချုပ်
မြို့အုပ်ကြီး၏ မှတ်တမ်းတွင် သူတို့မျိုးရိုးဆိုင်ရာ မှတ်တမ်းများလည်းပါရှိရာ မူရင်း အတိုင်း ဖော်ပြပေးသဖြင့် ဝမ်းသာမိရသည်။ သူတို့အချင်းချင်းကြား ကြီးရိုးစိုးရိုးလုမှုများလည်း တွေ့ရသည်။ သူတို့မိသားစုများက ကုန်းဘောင်ခေတ်နန်းတွင်းနှင့် ထဲထဲဝင်ဝင် အဆက်အသွယ် ရှိသဖြင့် အချို့သော နန်းတွင်းမှတ်တမ်းများကို ယင်းတို့ထံတွင်လည်း အတော်များများ တွေ့ရှိရ သည်။ ဝက်မစွတ်ဝန်ထောက်မင်းနှင့်လည်း အတော်ရင်းနှီးသည့်သဘော တွေ့ရသောကြောင့် အုပ်ချုပ်ရေးမှတ်တမ်းများ နန်းစဉ်မင်းအသုံးအဆောင် ရောင်စုံပုရပိုက်များလည်း သူတို့ထံတွင်တွေ့ရှိလေ့လာရဖူးသည်။ ထိုနန်းတွင်းအသုံးအဆော ဆာင်များ၊ မင်းခမ်းတော်များ ရောင်စုံပုရပိုက် ကြီးကို သူတို့ ဝက်မစွတ်ဝန်ထောက်မင်းထံမှ လက် လက်ဆောင် သို့မဟုတ် ဝယ်ယူရကြောင်း ကြားသိ ရသည်။ ထိုပုရပိုက်ကြီးကို ဆရာကြီး ဒေါက်တာသ ဘာသန်းထွန်းက ငှားလာပြီး စာရေးသူကို အကူး ခိုင်းခဲ့သည်။ ပုံကူးစက္ကူဖြင့် ကိုယ်တိုင် ထပ်ကူးရယူထား ထားဖူးသည်။ ယခုအခါ ထိုပုရပိုက်ကြီးကို အထက်မှ ငှားယူသွားပြီး ပြန်မပေးတော့သောကြောင့် သူတို့ထံ မရှိတော့ချေ။ သို့သော် မိမိ ဓာတ်ပုံရိုက်ယူထားသည်များကို နောင်လာနောက်သားတို့အတွက် ဘုရင့်နောင်အ နောင်အကြောင်း ရေးသားသော စာအုပ်တွင် ဖော်ပြပေးခဲ့နိုင်ပါသည်။
ထိုမျှ ရှေးဟောင်းပေပုရပိုက်များစွာရှိသော သူကောင်းမျိုးများထဲမှ မြို့အုပ်ကြီးသည် ရှေးမီနောက်မီ ပုဂ္ဂိုလ်ကြီးဖြစ်သည်အားလျော်စွာ ရေးသားခဲ့သော သူ့မှတ်တမ်းများသည် ဆွဲဆောင်မှုအားကောင်းသဖြင့် လက်က မချချင်လောက်အောင် ရှိရသည်။ သမိုင်းမှန်များလည်း ဖြစ်သောကြောင့် ယခုကဲ့သို့ အများပြည်သူတို့ ဖတ်ရှုနိုင်အောင် ပုံနှိပ်ထုတ်ဝေခြင်းမှာ သက်ဆိုင် သူအားလုံးကို ကျေးဇူးတင်ဖွယ်ပင် ဖြစ်လေသည်။
ကိုလိုနီခေတ် မင်းဆွေစိုးမျိုးများအကြောင်း၊ အုပ်စိုးသူ ကိုလိုနီအရာရှိကြီးများ အကြောင်း မြန်မာပြည်သူများအကြောင်း၊ ကျန်းမာရေး၊ စာပေရေး၊ ပညာရေးများမှသည် သစ်ထုတ်လုပ်မှုအကြောင်းပါမကျန် လေ့လာသိရှိခွင့်ရသောကြောင့် လေ့လာသူတို့ကို သမိုင်း မျက်စိ အတော်ဖွင့်ပေးနိုင်ခဲ့ကြောင်း ဆိုနိုင်သည်။ ထိုစာအုပ်ကို လေ့လာဖတ်ရှုသဖြင့် ကုန်သွား သော အချိန်တို့သည် ကုန်ထိုက်ပါပေစွဟု ထောမနာမိကြမည် ထင်မိပါသည်။ အသုံးချ တတ်လျှင် သာလွန် အကျိုးဖြစ်ထွန်းနိုင်ပါသေးသည်။