
ဗုဒ္ဓစာပန်းချီ (တတိယတွဲ)
စာရေးသူ - ငွေဥဒေါင်း
အကျဉ်းချုပ်
ဗုဒ္ဓစာပန်းချီကို စာရေးသူ ဆရာငွေဥဒေါင်း ကိုယ်တိုင်က “ဘုရားရှင်နှင့် ဘုရားရှင်၏ တပည့်သား သံဃာတော် များ၏ အကြောင်းရပ်မျိုးစုံကို နှစ်သက်ဖွယ်ဖြစ်အောင် စွမ်းနိုင်သရွေ့ စာပန်းချီ ရေးဖွဲ့ထားသည်" ဟု ဖွင့်ဆိုခဲ့ပါသည်။ ဆရာဖွင့်ဆိုထားသည့်အတိုင်းပင် ဗုဒ္ဓစာပန်းချီ (၆-တွဲ) သည် ဘုရားရှင်၏ ဖြစ်တော်စဉ် ဗုဒ္ဓဝင်ကိုလွန်၍ တပည့် ရဟန်းသံဃာများ၏ ဖြစ်စဉ်ကိုပါ ကျယ်ကျယ်ပြန့်ပြန့် ရေးဖွဲ့ထားရာ စာဖတ်သူများ အထူးနှစ်သက်၍ အကြိမ်ကြိမ် ထပ်မံပုံနှိပ်ရသည့် စာအုပ်ဖြစ်သည်။ “ဗုဒ္ဓစာပန်းချီ” သည် စာဖတ်သူများ အထူးနှစ်သက်ခံရသည်သာမက စာရေးဆရာ ငွေဥဒေါင်း (၁၉၁၅-၉၇) ၏ အကောင်းဆုံး စာပေလက်ရာဟုလည်း သတ်မှတ်ခံရသည်။ စာပန်းချီဟူသော အသုံးကပင် တစ်မူထူးလှပါ၏။ စာအကြောင်းအရာနှင့် လိုက်ဖက်လှသည့် အသုံးဟုပင် ဆိုချင်ပါ၏။ ဗုဒ္ဓစာပန်းချီကို စာပေအမျိုးအစားအားဖြင့် ဝတ္ထုဟု မဆိုနိုင်သော်လည်း အကြောင်းအရာ (ဇာတ်လမ်း) ကို ရသပါပါ ဝတ္ထုဟန် ရေးဖွဲ့ထားသည့် စာဖြစ်သည်။ စာပေအမျိုးအစားအားဖြင့် စာပဒေသာဟု ဆိုနိုင်ပါသည်။
စာမျက်နှာ
396
ပုံစံ
Paperback
ထုတ်ဝေသူ
ပဉ္စဂံစာအုပ်တိုက်
ထုတ်ဝေသည့်နှစ်
2025
ထုတ်ဝေမူ
1st Edition
စာအုပ်အရွယ်အစား
26.5 × 19.6 cm
ISBN
9202375249522
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
ဘာသာရေး
အမျိုးအစားခွဲများ
ဘာသာရေး