
အရိပ်နှင့် အရောင် ဝတ္ထုတိုများ
စာရေးသူ - မောင်သာချို
အကျဉ်းချုပ်
ယခု ဝတ္ထုတိုတချို့ကို စု၍ ထုတ်ဝေလိုက်ခြင်းဖြစ်ပါသည်။ ယခု စုစည်းမှုထဲ၌ မြေမြှုပ်မိုင်းဝေဒနာပါ ပါသည်။ တောကျောင်းဆရာကလေး၏ ဝေဒနာပါ ပါသည်။ ရာသီဥတုပြောင်းလဲမှု ဝေဒနာ ပါ ပါသည်။ ဇာတ်လမ်းအသေကြီးကို ရေးထားမိ၍ ဇာတ်လိုက်ရော လူကြမ်းပါ ကပြ၍ မဖြစ်တော့သည့်ဝေဒနာ ပါ ပါသည်။ မြစ်ထဲ ချောင်းထဲ လုပ်ကိုင်စားသောက်ရသူတို့၏ ဝေဒနာ၊ ကျွဲစားကျက် နွားစားကျက် ရှာရသူတို့၏ ဝေဒနာ၊ ဂေါက်ကွင်းထဲကဂေါက်သီးကောက်သူ ကလေးတို့၏ ဝေဒနာ စသည်ဖြင့် လူထု၏ ခံစားမှုကို စုစည်းထားခြင်း ဖြစ်ပါသည်။ ဝတ္ထုသည် ထိုခေတ်လူတို့၏ ဘဝနှင့် ခံစားမှုကို ဖော်ပြနိုင်သည့် အရိပ်နှင့်အရောင်ပင် ဖြစ်ပါသည်။ ထို့ကြောင့် ဝတ္ထုတိုစုအမည်ကို “အရိပ်နှင့်အရောင်’ဟု ပေးလိုက်ပါသည်။ “အယောင်' မဟုတ်ပါ။
စာမျက်နှာ
146
ပုံစံ
Paperback
ထုတ်ဝေသူ
စိတ်ကူးချိုချို
ထုတ်ဝေသည့်နှစ်
2019
ထုတ်ဝေမူ
1st Edition
စာအုပ်အရွယ်အစား
21 × 13.5 cm
ISBN
9789997119902
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
ဝတ္ထု
အမျိုးအစားခွဲများ
ဝတ္ထုတိုများ