
တက္ကသိုလ်မြန်မာသတ်ညွှန်းကျမ်း
စာရေးသူ - မင်းသုဝဏ်
အကျဉ်းချုပ်
ဤစာအုပ်ကို မြန်မာသတ်ညွှန်းကျမ်းအမည်ဖြင့် ၁၉၅၂-ခုနှစ်တွင် စာပေဗိမာန်က ပဌမအကြိမ် ထုတ်ဝေဖြန့်ချီခဲ့ပါသည်။ ယခု ဆယ်နှစ်ကျော်ကြာသောအခါ ကြားကာလအတွင်း၌ တွေကြုံခဲ့ရသော ဗဟုသုတတ္တိကို အသုံးပြု၍ အသစ်ပြုပြင် ချဲ့ထွင်ချိန်ရောက်ပြီဟု ယူဆသဖြင့် ဒုတိယအကြိမ် ပုံနှိပ်ထုတ် ဝေလိုက်ခြင်းဖြစ်ပါသည်။ ယင်းသို ထုတ်ဝေရာတွင် တက္ကသိုလ်က တာဝန်ယူသည် ဖြစ်သောကြောင့် ရှေးကခံယူထားသော အမည်ဟောင်းတွင် တက္ကသိုလ်ကို ဖြည့်စွက်ကာ တက္ကသိုလ် မြန်မာသတ်ညွှန်း ကျမ်းဟု ပြင်ဆင်ခေါ်ဝေါ်လိုက်ပါသည်။
ယခုအကြိမ် ဤစာအုပ်ကို အသစ်ပြုပြင်ချဲ့ထွင်ရာတွင် ဦးတင်ဧ၊ ဦးတင်လှ၊ ဦးတင်ဦး၊ ဦးထွန်းမြင့်၊ ဒေါ်သန်းသန်းလတ်၊ဒေါ်မြငြိမ်းတိုက အားတက်သရော ဝိုင်းဝန်း ကူညီကြသဖြင့် ကျေးဇူးတင်ကြောင်း မှတ်တမ်းတင်ပါသည်။
နောင်ကို အခွင့်သာသောအခါ ထပ်မံပြုပြင်ချဲ့ထွင် ပုံနှိပ်ရဦးမည်ဖြစ်ပါ၍ အပိုအလို အမှားအယွင်း တိုကိုတေ့ပါလျှင် အကြောင်းကြားကြပါရန် တောင်းပန်အပ်ပါကြောင်း။
စာမျက်နှာ
394
ပုံစံ
-
ထုတ်ဝေသူ
စိတ်ကူးချိုချို
ထုတ်ဝေသည့်နှစ်
2017
ထုတ်ဝေမူ
3rd Edition
စာအုပ်အရွယ်အစား
-
ISBN
-
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
မြန်မာစာပေ
အမျိုးအစားခွဲများ
သတ်ပုံ