
မြန်မာအဘိဓာန်
စာရေးသူ - ပညာရေးဝန်ကြီးဌာန
အကျဉ်းချုပ်
မြန်မာစာအဖွဲ့သည် မြန်မာအဘိဓာန်(အကျဉ်းချုပ်) ငါးတွဲကို ၁၉၇၁ ခုနှစ်တွင် စတင်ပြုစုပြီး ၁၉၈၀ ပြည့်နှစ်တွင် ထုတ်ဝေခဲ့ပါသည်။ မြန်မာအဘိဓာန်(အကျဉ်းချုပ်) ငါးတွဲကို အခြေခံ၍ မြန်မာအဘိဓာန်ကို က မှ အ အထိ ပါဝင်သည့်ကျမ်းတစ်စောင် အဖြစ် ပြုစုပြီး ၁၉၉၁ ခုနှစ်၊ စက်တင်ဘာလတွင် ပထမအကြိမ်ထုတ်ဝေခဲ့ပါသည်။ ထို့နောက် ၂၀၀၈ ခုနှစ်၊ ဩဂုတ်လတွင် ဝေါဟာရများ စိစစ်တည်းဖြတ်၍ ဒုတိယအကြိမ် ထုတ်ဝေဖြန့်ချိခဲ့ပါသည်။ မြန်မာအဘိဓာန်(က-အ) ကို ထုတ်ဝေပြီးနောက် နေရာဒေသမရွေး အလွယ်တကူ ယူဆောင်အသုံးပြုနိုင်ရန် ရည်မှန်း၍လည်းကောင်း၊ စေ့ငအောင်ဖြန့်ဖြူးနိုင်ရန် ရည်မှန်း၍လည်းကောင်း ခရီးဆောင်အဘိဓာန်ကို ၁၉၉၉ ခုနှစ်၊ စက်တင်ဘာလတွင် ပထမအကြိမ် စတင်ထုတ်ဝေပြီး ၂၀၀၆ ခုနှစ်၊ နိုဝင်ဘာလတွင် ဒုတိယအကြိမ် ထပ်မံဖြန့်ချိနိုင်ခဲ့ပါသည်။ ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလတွင် ခရီးဆောင်အဘိဓာန်ကို ဝေါဟာရအချို့ဖြည့်စွက်ခြင်း၊ အသံထွက်မှန်ကန်တိကျအောင်၊ အနက် အဓိပ္ပာယ် ပိုမိုပေါ်လွင်အောင် ပြင်ဆင်ခြင်း၊ ရင်းမြစ်ဖော်ပြရာ၌ ခိုင်မာအောင်ပြင်ဆင်ခြင်း၊ ပြန်လှန်ညွှန်းတည်ပုဒ် အချို့ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းတို့ပြုလုပ်၍ စိစစ်တည်းဖြတ်ကာ တတိယအကြိမ် ထပ်မံထုတ်ဝေဖြန့်ချိခဲ့ပါသည်။
စာမျက်နှာ
438
ပုံစံ
Paperback
ထုတ်ဝေသူ
မြန်မာစာဌာန
ထုတ်ဝေသည့်နှစ်
2024
ထုတ်ဝေမူ
3rd Edition
စာအုပ်အရွယ်အစား
25.3 × 17.5 cm
ISBN
-
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
မြန်မာစာပေ
အမျိုးအစားခွဲများ
အဘိဓာန်