
ဖေဖေနှင့် သမိုင်းအမှတ်တရများ
စာရေးသူ - ဒေါက်တာခင်လက်ျာ
အကျဉ်းချုပ်
စာရေးသူကိုယ်တိုင် မြန်မာ့လွတ်လပ်ရေး မော်ကွန်း သမိုင်းများကို မျိုးဆက်သစ်များ မသိကြတော့သည်ကို ရင်လေးနေမိသည်မှာ အမှန်ဖြစ်သည်။ ထို့ကြောင့် 'Ori-ental News ဂျာနယ်အသစ်တွင် အပတ်စဉ်ရေးပေး မည်ဟု သဘောတူလိုက်၏။ ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့တွင် ဂျာနယ် စတွက်ခဲ့ပါသည်။ အပတ်စဉ်ရေးသားပေးနေရာမှ ဆရာ ကျော်စိန်မင်း ရုတ်တရက်ကွယ်လွန်သွားသဖြင့် စာရေးသူ ဆောင်းပါးများ ဆက်မရေးဖြစ်တော့ပါ။ နောက်များ မကြာခင်မှာ ဂျာနယ်လည်း ပိတ်သွားခဲ့ပါသည်။ 'Oriental News' တွင် ရေးသားခဲ့သည့် ဆောင်းပါးများကို ပရိသတ်လက်ခံသည်ဟု စာရေးသူ သိရပါသည်။ မြန်မာ့လွတ်လပ်ရေးသမိုင်းလေ့လာသူများ၊ မျိုးဆက်သစ်လူငယ်များ သိရှိစေရန်ဆန္ဒနှင့် စာရေးသူသည် 'Oriental News' တွင် ပါဝင်ခဲ့သည့် ဆောင်းပါးများ ကို စုစည်း၍ ဤစာအုပ်ကိုထုတ်ရန် ဆုံးဖြတ်ခဲ့ပါသည်။ ခင်လက်ျာ (ဒေါက်တာခင်လက်ျာ)
စာမျက်နှာ
262
ပုံစံ
Paperback
ထုတ်ဝေသူ
ဇွန်ပွင့်စာအုပ်တိုက်
ထုတ်ဝေသည့်နှစ်
2017
ထုတ်ဝေမူ
1st Edition
စာအုပ်အရွယ်အစား
20.5 × 13 cm
ISBN
-
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
သမိုင်း
အမျိုးအစားခွဲများ
မြန်မာ့သမိုင်း