
ဝေါဟာရလီနတ္ထဒီပနီ
စာရေးသူ - လှေအသင်းအတွင်းဝန်မင်းကြီးမဟာဇေယသင်္ခယာဘွဲ့ရသံတော်ဆင့်အမတ်မင်း
အကျဉ်းချုပ်
ဝေါဟာရလီနတ္ထဒီပနီကို ကျွန်တော်အားလပ်သည့် အချိန်များတွင် တဖြည်း ဖြည်းတည်းဖြတ်ခဲ့ပါ၁ ည်။ တည်းဖြတ်ရာ၌ မြန်မာ့တာယာသတင်းစာမူကိုမူ တည်ပါသည်။ သို့ရာတွင် သံတော်ဆင့်မင်း၏ အကြံအစည်၊ အဆုံးအဖြတ်၊ အသုံး အနှုန်းတို့ကို ဆည်းပူးပြီးမှ ကျမ်းပြုသူ၏ အလိုဆန္ဒနှင့် ညီညွတ်အောင် တည်း ဖြတ်ပါသည်။ မူရင်းတွင် အကြောင်းတစ်ခုခုကြောင့် ချွတ်ချော်နေသော စာလုံး ပေါင်းများ၊ အဓိပ္ပာယ်မပြောင်းသော အများသုံးစာလုံးပေါင်းများကို ပြင်ဆင်တည်း ဖြတ်သည်မှလွဲ၍ သံတော်ဆင့်မင်း၏ အာဘော်အတိုင်း တသွေမတိမ်း တည်း ဖြတ်ထားပါသည်။ ကျမ်းပြုသူ၏အတ္ထုပ္ပတ္တိဝေါဟာရအကြောင်း၊ ကျမ်းအရည်အချင်းအကြောင်း တို့ကို ကျမ်းပြုသူနှင့်ခေတ်ပြိုင်ပညာရှိကြီးများဖြစ်ကြသော မင်းကြီးမင်းထင် မဟာ စည်သူဘွဲ့ခံ ဝက်မစွတ်မြို့စား ဝန်ထောက်တော်မင်းနှင့် မင်းကြီး မင်းလှမဟာ ဇေယနန္ဒသင်္ကြံဘွဲ့ခံ အတွင်းဝန်-ရွှေတိုက်ဝန် ပေါက်မြိုင်မြို့စားမင်းတို့က စီကုံး ရေးသားပြီးဖြစ်သဖြင့် ထိုပညာရှိကြီးတို့၏အစီအကုံးအသီးသီးကို ဤနိဒါန်း နှင့်တစ်ဆက်တည်း ဖော်ပြထားပါသည်။
စာမျက်နှာ
332
ပုံစံ
Paperback
ထုတ်ဝေသူ
SEIKKU CHO CHO
ထုတ်ဝေသည့်နှစ်
2014
ထုတ်ဝေမူ
1st Edition
စာအုပ်အရွယ်အစား
undefined × .5 cm
ISBN
-
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
ဘာသာရေး
အမျိုးအစားခွဲများ
ဘာသာရေး