
မင်းနှင့်စာဆို
စာရေးသူ - တိုက်စိုး
အကျဉ်းချုပ်
ဤစာအုပ်တွင် ကင်းဝန်မင်းကြီး ဦးကောင်း၊ ကျန်စစ်သား၊ ရှင်မင်း နု၊ နတ်သျှင်နောင်၊ ရှင်မဟာရဋ္ဌသာရ၊ လှိင်ထိပ်ခေါင်တင်၊ ဦးရွှေလူ ဟူ၍ ပုဂ္ဂိုလ် ၇ ဦး အတ္ထုပ္ပတ္တိပါ ပါသည်။ ထိုအတ္ထုပ္ပတ္တိအားလုံးသည် ငွေတာရီ မဂ္ဂဇင်းတွင် ပါဝင်ပြီးဖြစ်ပါသည်။
အတ္ထုပ္ပတ္တိများလာအချက်အလက်များအနက် အချိုကို စာဖတ်သူများ သိပြီးဖြစ်၍ အချိုကိုမူ ယခုစာအုပ်တွင်မှ အသစ်တွေ့ရကောင်းတွေ့ရမည်ဖြစ် ပါသည်။ ထိုအချက်အလက်များကို စာရေးသူ၏ အယူအဆနှင့်ပေါင်းစပ်၍ စာရေးသူက ဉာဏ်မီသမျှတင်ပြထားသည်ဖြစ်ရာ စာဖတ်သူများ လက်ခံနိုင် လိမ့်မည်ဟု မျှော်လင့်ပါသည်။ ဆက်လက်လေ့လာသူများအဖို အရေးကြီးသော စာ စာရင်းကိုလည်း ရွေးထုတ်၍ ပြထားပါသည်။
ဤစာအုပ်ဖြစ်မြောက်ရေးအတွက် ကူညီကြသော တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်မှူး ဦးသော်ကောင်း၊ မန္တလေးဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ် စာကြည့်တိုက်မှူး ဦးမောင်မောင်၊ စာရေးဆရာ လေးမြိုင်၊ စာရေးဆရာ သမိန် သောင်းတိုကို ကျေးဇူးတင်ကြောင်း ဖော်ပြအပ်ပါသည်။
စာမျက်နှာ
102
ပုံစံ
Paperback
ထုတ်ဝေသူ
စိတ်ကူးချိုချို
ထုတ်ဝေသည့်နှစ်
2008
ထုတ်ဝေမူ
2nd Edition
စာအုပ်အရွယ်အစား
20.6 × 13.2 cm
ISBN
-
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
သမိုင်း
အမျိုးအစားခွဲများ
မြန်မာ့သမိုင်း