
မြန်မာမှု မြန်မာရေးရာ
စာရေးသူ - မင်းသုဝဏ်
အကျဉ်းချုပ်
သျှင်သီလဝံသတို သျှင်မဟာရဋ္ဌသာရတို စီကုံးဆုံးမခဲ့တဲ့ ဆုံးမစာတွေကိုလည်း သင်တဲ့အခါ သင်ရပါသေးတယ်။ အဲဒီစည်းကမ်းတွေကိုသာ သင်ကြားလေ့လာဖူးရင် တော်ရုံတန်ရုံနဲ့တော့ လူမိုက်ဖြစ်နိုင်မယ် မထင်ပါဘူး။ လူအချင်းချင်း ပဋိပက္ခမှုတွေလည်း အင်မတန်နည်းပြီး လောကငြိမ်းချမ်းမှုဟာ အတော်ရှိနိုင်မှာပါပဲ။ နောက်ပြီး လူ့သဘောအရ ငါ့စကားနွားရ ငြင်းကြခုံကြ
ရန်ခိုက်ဒေါသဖြစ်ကြတတ်တာတွေကို ပြေပျောက်သွားအောင်ဟာ သျှင်မဟာရဋ္ဌသာရက အလယ်အလတ်လမ်းကို ညွှန်ပြလိုက်ပါသေးတယ်။ ဘယ်လိုလဲဆိုတော့ ငါ၏စိတ်တွင်၊ ထင်၏မလွဲ လိပ်ခဲတည်းလည်း၊ ဟုတ်အည်းဧကန် အားမသန်နှင့်
မှန်သည်တစေ မရှိချေ . . .။
အဲဒီသဘောမျိုးကို ထားနိုင်ရင် ကျွန်တော်တိုလောကမှာ အတော်ကလေး ညီညီညွတ်ညွတ်ဖြစ်နိုင်စရာ အကြောင်းရှိပါတယ်။
လောကမှာ အမှန် ချည်းပဲ လည်း မဟုတ်ဘူးတဲ့။ အမှားချည်းပဲလည်း မဟုတ်ဘူ၊ အကောင်းချည်းပဲလည်း မဟုတ်ဘူး၊ အဆိုးချည်းပဲလည်း မဟုတ်ဘူးတဲ့။
ဒီတော့ ချင့်ချိန်ပြီး ယောနိသောမနသိကာရနဲ့ အသင့်အတင့် နှလုံးသွင်း ကျင့်ကြံတတ်ရမယ်တဲ့။ အကယ်၍ ကိုယ်တိုင် မချင့်ချိန် မဆုံးဖြတ်နိုင်ရင်လည်း ပညာရှိများနဲ့ ဆွေးနွေးရမယ်တဲ့။
မင်းသုဝဏ်၏ ဟောပြောချက်မှ
စာမျက်နှာ
214
ပုံစံ
Paperback
ထုတ်ဝေသူ
စိတ်ကူးချိုချို
ထုတ်ဝေသည့်နှစ်
2022
ထုတ်ဝေမူ
3rd Edition
စာအုပ်အရွယ်အစား
21 × 13.3 cm
ISBN
-
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
မြန်မာစာပေ
အမျိုးအစားခွဲများ
မြန်မာမှု