
ဘဝဆိုတဲ့ကျောင်း
စာရေးသူ - ဆရာတော်ဦးဇောတိက
အကျဉ်းချုပ်
ဆရာတော်ဟောကြားခဲ့သော တရားများကို တိတ်ခွေမှ စာအုပ် အဖြစ်သို့ ရောက်အောင် ထုတ်ဝေရန် တပည့် ဒကာ, ဒကာမများ မကြာခဏ လျှောက်ထားခဲ့ကြသည်။ တချို့တပည့်များက စာအုပ်အဖြစ် ဖတ်ရမှ ပို၍သဘောပေါက်ကြောင်း ပြောကြသည်။ ထို့ကြောင့် အရာတော်၏ တရားများကို အသက်အရွယ်မရွေး၊ အဆင့်အတန်းမရွေး ဖတ်ရှုနိုင်ရန် စီစဉ်၍ ထုတ်ဝေစေပါမည်။ ဖတ်ရာ၌ လွယ်ကူမှု ရှင်းလင်းမှု ရှိရန် တချို့နေရာများ၌ ပြင်ဆင် ရေးသားခဲ့ပါသည်။ မှန်ကန်သော၊ လေးနက်သော အသိအမြင်သည် တန်ဖိုးဖြတ်၍ မရနိုင်ပါ။ မှန်ကန်သော အမြင်အပေါ် အခြေခံ၍ မှန်ကန်သော အတွေး၊ မှန်ကန်သော လုပ်နည်း လုပ်ဟန်များ ဖြစ်လာရသည်။ အမြင်မှန် အတွေးမှန် အလုပ်မှန်မှသာ လူ့ဘဝ၌ အဆင်ပြေနိုင်မည်။ ဆရာတော်သည် လူမှုရေး၊ ပညာရေး၊ စီးပွားရေး ဘာသာရေး၊ ကျန်းမာရေးတို့ကို ဆက်စပ်၍ ပြည့်စုံစွာမြင်သော အမြင်မျိုးကို နှစ်သက်သည်။ ထို့ကြောင့် ဆက်စပ်မှုရှိသော အမြင်ကို ဟောကြား လေ့ရှိသည်၊ ရေးလေ့ရှိသည်။ ဆရာတော်၏တရားခွေများကို နားထောင်ရ၍ အကျိုး များလှ ကြောင်း များစွာသော ဒကာ, ဒကာမများ လျှောက်ထားခဲ့ကြသည်။ ထိုသို့သိရသည့်အတွက် ဆရာတော် များစွာကြည်နူးပါသည်။
စာမျက်နှာ
93
ပုံစံ
Paperback
ထုတ်ဝေသူ
ရေတံခွန်စာပေ
ထုတ်ဝေသည့်နှစ်
2017
ထုတ်ဝေမူ
4th Edition
စာအုပ်အရွယ်အစား
19 × 13.5 cm
ISBN
-
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
ဘာသာရေး
အမျိုးအစားခွဲများ
ဘာသာရေး