
ဗုဒ္ဓအမြင်
စာရေးသူ - ဆန်းထွန်း
အကျဉ်းချုပ်
“ဗုဒ္ဓအမြင်သည်” သည် ကျွန်ုပ်ရေးသားအပ်သော “အဘိ ဓမ္မာစံပြ” ကျမ်း၏ အပိုင်းတစ်ပိုင်းဖြစ်၏။ တတိယ ပရိ စ္ဆေဒ(နာဂသေနအကြောင်း)ကို ယခုရှိရင်းထက်ပို၍ အကျယ် တဝင့်ရေးသားရန်လိုအပ်ပါ၏။ သို့သော် ဤ(ပထမ) အကြိမ်ရိုက်စာအုပ်တွင် အကျယ်တဝင့်ရေးသားရန် ကျွန်ုပ် တွင် အချိန်မရှိပေ။ ဒုတိယအကြိမ်ရိုက်စာအုပ်တွင် အဆို ပါလိုအပ်ချက်ကို ဖြည့်စွက်နိုင်လိမ့်မည်ဟု မျှော်လင့်ပါ၏။ သို့သော် ဗုဒ္ဓနှင့် ဓမ္မကိတ္တိ၏အမြင် (အဘိဓမ္မာ)များကို ကျယ် နိုင်သမျှ အကျယ်တဝင့်ရေးသားခဲ့၏။ ထိုမျှဖြင့် “ဗုဒ္ဓအမြင်” အဘယ်နည်းဟု သိရှိနားလည်ရေးတွင် စာဖတ်သူအား တစ်စုံတစ်ရာအနှောင့်အယှက် ရှိလိမ့်မည်မဟုတ်ပေ။ အခြားသော တိုးတက်ပွင့်ကားမှုများကဲ့သို့ အမြင်၏ တိုးတက်ပွင့်ကားမှုကိုလည်း တစ်သတ်တစ်သတ်စီ အဆက် ဖြတ်ထားပါက ကောင်းမွန်မှန်ကန်စွာ သိနိုင်မည်မဟုတ်ပေ။ ထို့ကြောင့် ဗုဒ္ဓအမြင် တိုးတက်ပွင့်ကားမှုကို သိရှိ ရန်၊ ထို့ပြင် ကမ္ဘာ့အမြင်တွင် ဗုဒ္ဓအမြင်၏ အရေးကြီးမှုကို သိရှိရန်၊ အရှေ့ တိုင်း အနောက်တိုင်းဆိုင်ရာ ရှေးဟောင်းနှောင်းသစ် အဘိ ဓမ္မာများကို သိရှိထားဖို့လိုအပ်သည်။ ထိုလိုအပ်ချက်အတွက် “အဘိဓမ္မာစံပြ”ကျမ်းကို မုချ ဖတ်ရပေမည်။
စာမျက်နှာ
260
ပုံစံ
Paperback
ထုတ်ဝေသူ
SEIKKU CHO CHO
ထုတ်ဝေသည့်နှစ်
2017
ထုတ်ဝေမူ
3rd Edition
စာအုပ်အရွယ်အစား
21 × 13.5 cm
ISBN
-
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
ဘာသာရေး
အမျိုးအစားခွဲများ
ဘာသာရေး