
ဤလောကမြေမဟီဝယ်
စာရေးသူ - သော်တာဆွေ
အကျဉ်းချုပ်
“ဤလောကမြေမဟီဝယ်” စာအုပ်သည် ၁၉၇၀ ပြည့်နှစ်အတွက် အမျိုးသားစာပေဆု (ဝတ္ထုတိုပေါင်းချုပ်) ရရှိခဲ့သော စာအုပ်တစ်အုပ် ဖြစ်ပါသည်။ ဤစာအုပ်တွင် ခေတ်အမျိုးမျိုးမှ လူအမျိုးမျိုးတို့၏ ဘဝသရုပ်ဖော် ဝတ္ထုတိုများကို စုစည်းဖော်ပြထားပြီး အင်္ဂလိပ်ခေတ်၊ ဂျပန်ခေတ်၊ လွတ်လပ်ရေးခေတ်နှင့် ခေတ်ပြောင်းတော်လှန်ရေးခေတ်များတစ်လျှောက် တောနှင့်မြို့ရှိ လူ့အလွှာအသီးသီး၏ ဓလေ့စရိုက်၊ အမူအကျင့်နှင့် အတွေးအခေါ်များကို ပီပြင်စွာ ရုပ်လုံးဖော် ရေးဖွဲ့ထားသည်။ စာအုပ်တွင် ပါဝင်သော ဝတ္ထုများသည် စာရေးဆရာကိုယ်တိုင် ဘဝတစ်လျှောက် နီးနီးကပ်ကပ် မြင်သိထိတွေ့ခဲ့ရသော လူမှုဘဝဖြစ်ရပ်များကို မီးမောင်းထိုးပြထားခြင်းဖြစ်ပြီး လူ့သဘာဝနှင့် လောကဓံတရားများကို ရသမြောက်စွာ သရော်၍လည်းကောင်း၊ သံဝေဂရဖွယ်လည်းကောင်း ရေးဖွဲ့ထားသည့်အတွက် ခေတ်နှင့်လူမှုဘဝကို ကိုယ်စားပြုသော ပြယုဂ်ကောင်းများ ဖြစ်သည်ဟု ဆိုနိုင်ပါသည်။
စာမျက်နှာ
222
ပုံစံ
Paperback
ထုတ်ဝေသူ
စိတ်ကူးချိုချို
ထုတ်ဝေသည့်နှစ်
2022
ထုတ်ဝေမူ
4th Edition
စာအုပ်အရွယ်အစား
20.8 × 13.3 cm
ISBN
-
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
ဝတ္ထု
အမျိုးအစားခွဲများ
အမျိုးသားစာပေဆုရစာအုပ်