
ပန်းပုနှင့် ဓာတ်ပုံအနုပညာစာစဉ်
စာရေးသူ - ဇော်မျိုးထွဋ်
အကျဉ်းချုပ်
အမှာစာ
ပန်းချီစွယ်စုံကျမ်းကို အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော စာအုပ်များရှိသော်လည်း မြန်မာကလေး များအတွက် မြန်မာဘာသာဖြင့်ရေးသားထားသော စာအုပ်များကား ရှားပါးလှ၏။ ယခုခေတ်ကာလတွင် အစိုးရ ကျောင်းများ၊ ပုဂ္ဂလိကကျောင်းများတွင်ဂီတ၊ ပန်းချီ စသည်ဖြင့် အနုပညာနှင့်ပတ်သက်သော သင်ရိုးများ စီစဉ် ပြဋ္ဌာန်းပေးထားသည်ကို တွေ့ မြင်နေရသည်။
ပန်းချီသင်ကြားရသည့် ရည်ရွယ်ချက်မှာ ကလေးများ၏
အနုပညာစွမ်းရည် တိုးတက်စေခြင်း၊
ဖန်တီးမှုစွမ်းရည် မြင့်မားစေခြင်း၊
စိတ်ကူးစိတ်သန်းကောင်းများ ဖွံ့ ဖြိုးစေခြင်း နှင့်
ယဉ်ကျေးမှုသဘောကို သိနားလည်ပြီး နှလုံးသားကို နူးညံ့သိမ်မွေ့စေကြောင်း ထိုသို့တွေ့ရပေမည်။
ပန်းချီစွယ်စုံကျမ်းများ ထုတ်ဝေရခြင်းသည် အနုပညာကို ချစ်မြတ်နိုးသူများအတွက် အထူးအကျိုးရှိစေပါ သည်။ ထိုပန်းချီစွယ်စုံကျမ်းများ၌ -
၁။ ပန်းချီအနုပညာ၏သမိုင်း
၂။ နည်းပညာများနှင့်
၃။ နာမည်ကျော် ပန်းချီဆရာကြီးများ၏ လက်ရာများ ကို စုံလင်စွာ ဖော်ပြထားသည်။
ပန်းချီသင်ကြားလိုသူများ၊ ပန်းချီကို လေ့လာသူများနှင့် ပန်းချီအနုပညာကို ကောင်းမွန်စွာ နားလည်သူ များအတွက် အသုံးဝင်သကဲ့သို့ ကလေးလူငယ်များအတွက်လည်း -
၁။ ပန်းချီ၏သမိုင်းနှင့် ယဉ်ကျေးမှုကို ကောင်းမွန်စွာနားလည်စေရန်။ ပန်းချီစွယ်စုံကျမ်းများတွင် ပန်းချီ၏အမျိုးအစားများ၊ နာမည်ကျော်ပန်းချီဆရာကြီးများ၏ ရေးဆွဲမှုဟန် (Style) များနှင့် လက်ရာများကို ဖော်ပြထားသောကြောင့် ပန်းချီ၏သမိုင်းနှင့် ယဉ်ကျေးမှုကို ပိုမိုနားလည်စေရန် ကူညီပေးပါသည်။