
မဟာရာဇဝင်ကြီး (ဒုတိယအုပ်)
စာရေးသူ - ဦးကုလား
အကျဉ်းချုပ်
မင်းများ၏ ကြိုးပမ်းဆောင်ရွက်မှုများတွင် ပိဋကတ်တော်ပြန့်ပွားရေး၊ဗုဒ္ဓသာသနာ စည်ပင်ထွန်းကား ရေး၊ ပြည်ပနိုင်ငံများနှင့် သံတမန်ဆက်ဆံရေး၊ စစ်ရေး၊ ဆည်မြောင်းကန်ချောင်းများနှင့် လယ်ယာများ ပြုလုပ်ဆောင်ရွက်ရေး၊ အလေးတင်းတောင်း အခြင်အတွယ်/အချိန်အတွယ်တို့ နိုင်ငံတစ်ဝန်းလုံး ညီညွတ် အောင် ဆောင်ရွက်ရေး၊ မြို့တည်ရေး၊ ပညာရှိများနှင့် ဆွေးနွေးတိုင်ပင်ညှိနှိုင်းရေး စသည့်အရေးကိစ္စ များပါဝင်ရာ ထိုအရေးကိစ္စများသည် တိုင်းသူပြည်သားများ ပါဝင်ဆောင်ရွက်ရသည့် အရေးကိစ္စများဖြစ် သည့်အတွက်ပြည်သူ့ဘဝပတ်ဝန်းကျင်ကို ထင်ဟပ်နေသော လှုပ်ရှားမှုများပင်ဖြစ်ပါသည်။ ဦးကုလား၏ မဟာရာဇဝင်ကြီးသည် တွင်းသင်းရာဇဝင်၊ မုံရွေးရာဇဝင်၊ သုသောဓိတရာဇဝင် အစ ရှိသည့်ရာဇဝင်ကျမ်းတို့၏ရှေ့ဆောင်လမ်းပြဖြစ်သည်နှင့်အညီ ထိုရာဇဝင်ကျမ်းများမှာ မဟာရာဇဝင်ကြီးကို မှီငြမ်းပြုကြရပါသည်။ အကြောင်းအရာအချက်အလက်ပြည့်စုံပြီး အရေးအသားရှင်းလင်းပြေပြစ်သော ရာဇဝင်ကျမ်းတစ်ဆူအဖြစ် ခိုင်မာစွာရပ်တည်နေသော စာပေလက်ရာမွန်ပင် ဖြစ်ပါသည်။ ထိုသို့သောစာအုပ်မျိုးကို မြန်မာစာပေသမိုင်းတွင်သမိုင်းမှတ်တမ်းတစ်ခုအဖြစ်ကျန်ရစ်စေရန် ‘မဟာရာဇဝင်ကြီး’ပထမအုပ်ကို၂၀၂၅ ခုနှစ်၊ ဧပြီလတွင် ထုတ်ဝေခဲ့ပါသည်။
စာမျက်နှာ
928
ပုံစံ
Hardcover
ထုတ်ဝေသူ
မြဝတီစာပေတိုက်
ထုတ်ဝေသည့်နှစ်
2025
ထုတ်ဝေမူ
4th Edition
စာအုပ်အရွယ်အစား
27.5 × 19.5 cm
ISBN
978-9-997-17996-8
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
သမိုင်း
အမျိုးအစားခွဲများ
မြန်မာ့သမိုင်း