
လူသေဖြစ် ဝါဒနုဝါဒ ဝိနိစ္ဆယ(ထေရဝါဒ စွယ်စုံကျမ်း)
စာရေးသူ - နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့
အကျဉ်းချုပ်
ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတမြန်မာနိုင်ငံတော်အတွင်း လူသေလူဖြစ် ဝါဒ, သမ္မာဒိဋ္ဌိဝါဒ, ရွှေအဘိဓမ္မာဝါဒတို့နှင့် ပတ်သက်၍ ဝိဝါဒါဓိကရုဏ်းကြီး ဖြစ်ပွားလျက်ရှိရာ ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကြီး၏ တာဝန်ပေးချက် အရ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့မှ ယင်းဝိဝါဒါဓိကရုဏ်းကြီးကို ဆုံးဖြတ် ပေးရန်အတွက် နိုင်ငံတော် သီးခြားဝိနည်းဓိုရ်အဖွဲ့ အမှတ်(၂)ကို ၁၃၄၃-ခုနှစ် နယုန်လဆုတ် (၉) ရက်နေ့တွင် ဖွဲ့စည်းခဲ့ပေသည်။ နိုင်ငံတော် သီးခြားဝိနည်းဓိုရ်အဖွဲ့(၂)သည် နိုင်ငံတော် သံဃမဟာနာယက အဖွဲ့၏ တာဝန်ပေးချက်အရ ၁၃၄၃-ခု၊ နယုန်လဆုတ် (၁၂)ရက်နေ့တွင် စတင်၍ ရုံးဖွင့် စစ်ဆေးခဲ့ပြီး စောဒကနှင့် စုဒိတကတို့ နှစ်ဦးနှစ်ဘက် တင်ပြ လျှောက်ထားကြသော စောဒနာ သောဓနာတင်လွှာတို့ကို လေးလကြာမျှ အချိန်ယူ သုံးသပ်စစ်ဆေးလျက် ၁၃၄၃-ခု၊ သီတင်းကျွတ်လဆုတ် (၁၁)ရက် နေ့မှစ၍ ၆-ရက်တိုင်တိုင် ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ပေသည်၊ ယင်းဆုံးဖြတ်ချက် ဝိနိစ္ဆယသည် နိကာယ်ငါးရပ် ပိဋကတ်သုံးသွယ်မှ ပြန့်ကျယ်သော ဗုဒ္ဓဝါဒ ဓမ္မဥဿုံ စုံစုံလင်လင် ရှိလှသဖြင့် “ထေရဝါဒ စွယ်စုံကျမ်း”ဟုပင် ခေါ်ဆိုထိုက် ပေသည်။
စာမျက်နှာ
1171
ပုံစံ
Paperback
ထုတ်ဝေသူ
ကမ္ဘာအေး
ထုတ်ဝေသည့်နှစ်
2016
ထုတ်ဝေမူ
4th Edition
စာအုပ်အရွယ်အစား
25.2 × 17.5 cm
ISBN
-
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
ဘာသာရေး
အမျိုးအစားခွဲများ
ဘာသာရေး