
မြန်မာမှု ဒီဇိုင်းကောင်းများ
စာရေးသူ - ဒေါက်တာ သန်းထွန်း၊ မောင်အေးမြင့်
အကျဉ်းချုပ်
စံလက်ရာကောင်းများ စံတင်လောက်သော ဆရာများနှင့် တွေ့ရသည်ထက် စံလက်ရာကောင်းများ တွေ့ရ မှတ်ရသည်က များသည်။ ဆိုလိုသည်မှာ မိမိတို့လက်လှမ်းမိသရွေ့မှ အဆိုးအကောင်းများ ချိန်ဆနိုင်၍ ကျယ်ဝန်းသော အဆင့်အတန်းမြင့် ဒီဇိုင်းကောင်းများ တိုးတက်ထွန်းကားစေလိုသည့် ပညာရပ်ဆိုင်ရာ စာအုပ်ကောင်းများလည်း စုံစုံညီညီ ရှိစေချင်သည်။ တိုင်းရင်းသား ရိုးရာဓလေ့ဆိုင်ရာ ဒီဇိုင်းများလည်း ဖြစ်ထွန်းစေချင်သည်။ ရှိထားနှင့်သည့် ပမာဏလည်း ကြီးထွားလာစေ ချင်ပါသည်။ ဤစာအုပ်ပါ မြန်မာမှုဒီဇိုင်းများနှင့် ပတ်သက်၍ စာဖတ်သူသို့ မောင်အေးမြင့် တင်ပြရန် ရှိပါသည်။ လွန်ခဲ့သော နှစ်ပေါင်း ၅၀ ကျော် ကာလမှစ၍ မြတ်နိုးစိတ်ဖြင့် မြန်မာမှု ဒီဇိုင်းကောင်းများကို ရေးမှတ် စုစည်း သုတေသနပြုခဲ့ပါသည်။ > ကဗျာဆရာမောင်စွမ်းရည် အကြံပြုချက်ဖြင့် တိုယိုတာ ဖောင်ဒေးရှင်း၏ အကူအညီပြုချက်ဖြင့် ဦးသာနိုး အင်္ဂလိပ် ဘာသာပြန်သည် ၁၉၉၃ ခုနှစ်တွင် ပထမအကြိမ် ရိုက်နှိပ်ထုတ်ဝေခဲ့ပါသည်။ ဆရာဦးသော်ကောင်း၏ အကြံပြုချက်အရ လိုအပ်သည်များကို ဖြည့်ပါသည်။ သမိုင်းပါမောက္ခ ဒေါက်တာ သန်းထွန်း၏မြန်မာ့ကျောက်ဆစ်ပန်းတမော့ လက်ရာဖြည့်စွက်ကာ ယိုးဒယားတွင်ပင် ရိုက်နှိပ်၍ ၂ဝဝ၃ ခုနှစ် တွင် ထုတ်ဝေခဲ့ပါသည်။
စာမျက်နှာ
370
ပုံစံ
Paperback
ထုတ်ဝေသူ
တက်လူကျော်စာပေ
ထုတ်ဝေသည့်နှစ်
2023
ထုတ်ဝေမူ
2nd Edition
စာအုပ်အရွယ်အစား
29.4 × 20.6 cm
ISBN
978-9-997-15932-8
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
မြန်မာ့ဗိသုကာ
အမျိုးအစားခွဲများ
ancient myanmar design