
အချစ်အိမ်လေးတည်ဆောက်မယ် (ဒုတိယအကြိမ်)
စာရေးသူ - လယ်တွင်းသားစောချစ်
အကျဉ်းချုပ်
ဤစာအုပ်ကို ရေးသားရာ၌ စာရေးသူ၏ဆန္ဒမှာ အိမ်ထောင် မိသားစု တိုင်း သာယာချမ်းမြေ့စေချင်သည်။ အိမ်ထောင် မိသားစုများ အဆင်မပြေ စိတ်ဆင်းရဲရခြင်း၊ အိမ်ထောင်ပြိုကွဲရခြင်းအဖြစ်များမှ ကင်းလွတ်စေချင်သည်။ သို့သော်စာရေးသူသည် အိမ်ထောင်ရေးပါရဂူ မဟုတ်ပါ။ အိမ်ထောင် ရှင်တစ်ဦးသာ ဖြစ်ပါသည်။ ဆရာကြီးများစွာတို့သည် သူတို့၏ဘဝ အတွေ့အကြုံများ၊ သူတို့၏ စဉ်းစားဆင်ခြင်သော အသိအမြင်များဖြင့် ရှောင်ရန်အမှား သင်ခန်းစာများနှင့် ဆောင်ရန် အမှန်သင်ခန်းစာများတို့ကို စေတနာရှေ့ထား၍ ရေးသားခဲ့ကြ ပါသည်။ ထိုဆောင်းပါးများ၊ စာအုပ်များ၊ ဝတ္ထုများကို လေးစားစွာ ဖတ်ရှု မှတ်သားခဲ့ရပါ၏။ ကိုယ့်အိမ်ထောင်မှာ ကိုယ်တိုင်၏အတွေ့အကြုံများ နှင့်လည်း ဆင်ခြင်ရပါ၏။ ကိုယ့်ပတ်ဝန်းကျင်မှလည်း လေ့လာဆင်ခြင်၍ သင်ခန်းစာယူရပါ၏။ နီတိကျမ်းများ၊ ဆုံးမစာများ၊ လူကြီးသူမတို့၏ ပြောဆိုသွန်သင်ချက်များ ကိုလည်း အခြေပြုရပါ၏။ ဤအခြေခံများကို ပေါင်းစပ်၍ အိမ်ထောင်မိသားစု ဘဝများ ကောင်းစေချင်သော စေတနာဖြင့် ဤစာအုပ်ကို ရေးခြင်းဖြစ်ပါသည်။
စာမျက်နှာ
231
ပုံစံ
Paperback
ထုတ်ဝေသူ
ပန်းမြိုင်လယ်စာပေ
ထုတ်ဝေသည့်နှစ်
2009
ထုတ်ဝေမူ
2nd Edition
စာအုပ်အရွယ်အစား
18 × 11.5 cm
ISBN
-
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
ဝတ္ထု
အမျိုးအစားခွဲများ
ရသ