
ပုဂံခေတ် မြန်မာစာ
စာရေးသူ - စောလူ
အကျဉ်းချုပ်
ပထမအကြောင်းမှာ ပထမအကြိမ်ထုတ် “ပုဂံခေတ်မြန်မာစာ”ကို ဝေဖန်သည့်အခါ ဦးတင်ထွေး ၏စာပေပြုစုမှုနှင့် စပ်လျဉ်း၍ ဆရာဒေါက်တာသန်းထွန်းက စောဒကတက်ခဲ့သောကြောင့် ဖြစ်ပါသည်။ မှန်ပါ သည်။ ဦးတင်ထွေးသည် စာပေအပြုအစုနည်းပါသည်။ သို့သော် စာအဖတ်အရှု သုတေသနတွင် အားသန် သူဖြစ်ကြောင်း မိမိ ကောင်းစွာယုံကြည်ပါသည်။ “ ရွက်ပုန်းသီး”ဟူသောစကားသည် ဆရာ့အတွက် သင့်လျော်မည့် ဝိသေသန ဖြစ်တန်ရာပါသည်။ ဤစာရေးချိန်အထိ လူချင်း မဆုံဖူးသေးဘဲ စာပေးစာယူ, ဖုန်းအပြောအဆိုဖြင့်သာ ဆက်သွယ် နေရလင့်ကစား၊ ဆရာ၏ စာအဖတ်အရှုအား, သုတေသနအားကို မိမိသည် လေးစားကြည်ညိုပါသည်။ ထိုကြောင့်လည်း ပထမအကြိမ်ထုတ်တွင် ဦးတင်ထွေး ကျောက်စာ ဖတ်ရှုပုံကို သက်သေထား ကိုးကားပြခဲ့ခြင်းနှင့် ပတ်သက်၍ မည်သို့မျှ နောင်တမရမိပါ။ ဒုတိယအကြောင်းမှာ ဤစာအုပ်တွင် ဦးတင်ထွေးထောက်ပြသည့် အချက်များကို မကြာခဏ ဖော်ပြထားသောကြောင့် ဖြစ်ပါသည်။ မိမိ လစ်ဟာမှားယွင်းသွားသည်များကို ထောက်ပြဖော်ရသဖြင့် ကျေးဇူးတင်လှသောကြောင့် လည်းကောင်း၊ မိမိ၏ အသစ်တွေ့မြင်ချက်အဖြစ် ဟန်မဆောင်လိုသောကြောင့် လည်းကောင်း ထိုသို့ဖော်ပြခြင်း ဖြစ်ပါသည်။ သို့သော် ကျန်းမာရေးအခြေအနေကြောင့် ဆရာဦးတင်ထွေး သည် မိမိ၏ကျမ်းတစ်စောင်လုံးကို ထ
စာမျက်နှာ
437
ပုံစံ
Paperback
ထုတ်ဝေသူ
ပန်းရွှေပြည်စာအုပ်တိုက်
ထုတ်ဝေသည့်နှစ်
2020
ထုတ်ဝေမူ
3rd Edition
စာအုပ်အရွယ်အစား
26 × 18.5 cm
ISBN
-
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
မြန်မာစာပေ
အမျိုးအစားခွဲများ
သမိုင်း