
နန်းကျဘုရင်
စာရေးသူ - ဝင်းငြိမ်း
အကျဉ်းချုပ်
ဗမာ့ နောက်ဆုံးဘုရင် သီပေါမင်း၏ ဘဝဇာတ်ကြောင်းကို အပြည့်စုံ ဆုံး မှတ်တမ်းတင် ရေးဖွဲ့ထားသည့် စာအုပ် ဖြစ်ပါသည်။ နန်းကျဘုရင် တစ်ပါး၏ နေထိုင်ခဲ့ရပုံများ၊ တိုင်းတစ်ပါးတွင် နိမ့်ပါးစွာ ခွဲခြား ဆက်ဆံ ခံရပုံများကို မူရင်းစာရေးဆရာမကြီးက ရှစ်နှစ်ကျော် လေ့လာပြုစုပြီး ရေးဖွဲ့ ဖန်တီးထားသည့် စာအုပ်ဖြစ်ပါသည်။ ပြည်တွင်းရှိ စာဖတ် ပရိတ်သတ်များ မြင်တွေ့ရန် ခဲလှသည့် မှတ်တမ်းပုံများ ဝေဝေဆာဆာ ပါရှိသည့်အပြင် ပုံသမိုင်းဆိုင်ရာ အချက်အလက်များ ကိုလည်း ပြည့်ပြည့်စုံစုံ ထည့်သွင်း ပုံနှိပ်ထားပါသည်။ ဗမာ့ တော်ဝင် မိသားစု၏ နိမ့်ပါးစွာ ရုန်းကန် ဖြတ်သန်းရပုံများကို ရင်နင့်ဖွယ် ဖတ်ရှု ရမည့် မှတ်တမ်း စာအုပ် တစ်အုပ်ပင်။ သီပေါဘုရင်နှင့် ပတ်သက်သည့်စာ အုပ်များထဲတွင် အပြည့်စုံဆုံးနှင့် မှန်ကန်မှု အရှိဆုံး စာအုပ် တစ်အုပ် အဖြစ် နိုင်ငံတကာက စံထားလေ့လာရသည့် စာအုပ်တစ်အုပ်။
စာမျက်နှာ
393
ပုံစံ
Paperback
ထုတ်ဝေသူ
ငါတို့စာပေ
ထုတ်ဝေသည့်နှစ်
2021
ထုတ်ဝေမူ
1st Edition
စာအုပ်အရွယ်အစား
20.6 × 13.6 cm
ISBN
9431866500167
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
အတ္ထုပတ္တိ
အမျိုးအစားခွဲများ
သုတ