
ကျွန်မတို့ငယ်ငယ်က
စာရေးသူ - လူထုဒေါ်အမာ
အကျဉ်းချုပ်
၁၉၃၅၊ အသက် ၂ဝ အရွယ်အထိပေါ့။ ဥပစာကောလိပ်က ဥပစာတန်းအောင်ပြီးတော့ ရန်ကုန်ယူနီဗာစီတီကို ၁၉၃၇-၃၈ ခုနှစ်အထိ ပညာ ဆက်သင်ပါတယ်။ အဲဒီမှာ ယူနီဗာစီတီကောလိပ်သပိတ်နဲ့ သွားတိုးပါတော့တယ်။ ဒါကြောင့် စန္ဒာမှာ ဆက်မရေးတော့ဘဲ ဥပစာကောလိပ် စာသင်တုန်းကာလမှာပဲ ရပ်နားထားလိုက်ပါတယ်။ အဲဒီအဆက်ကို နောင် အလျဉ်းသင့်ရင် ရေးကောင်း ရေးဖြစ်မလား မသိပါဘူး။ ကျွန်မရေးနေတဲ့ “ငယ်ကကျွမ်းတဲ့ ခင်ပွန်းသည် လူထုဦးလှ' ဆိုတဲ့ စာအုပ်ထဲမှာတော့ ကျွန်မနဲ့ ဦးလှစတွေ ့တဲ့အကြောင်းတွေ ပါမှာမို့၊ တကယ်လို့ မရေးဖြစ်ရင်လည်း ကြားပြတ်ပြီး များများကျန်ရစ်မယ် မဟုတ်ပါဘူး။ လွန်ခဲ့တဲ့နှစ်ပေါင်း ၅ဝ ရဲ့ ဟိုဘက်က အတိတ်ဟာ ခုနဲ့တော့ ခြားနားမှု တွေ ရှိတာပေါ့၊ အတိတ်က အတိတ်ပေပဲကိုး။ ပြီးတော့ လူ့လောကဆိုတာ ကျောက်တိုင်ကြီးလို ရပ်နေတာမှမဟုတ်ဘဲ။ အမြဲတမ်း ဖြစ်ပေါ်ပြောင်းလဲ တိုးတက်နေတာဆိုတော့ ရာစုနှစ် တစ်ဝက်ဆိုတဲ့ အတိတ်နဲ့ ပစ္စုပ္ပန်က ဘယ်တူ မလဲ။ ဒါမျိုးကို စိတ်ဝင်စားတယ်ဆိုရင်ဖြင့် ‘ကျွန်မတို့ငယ်ငယ်က” အကြောင်း ကို ဖတ်လို့ရမှာပေါ့။ မဟုတ်ရင်တော့ ပျင်းစရာကြီးနေမှာပါ။ လူထုဒေါ်အမာ
စာမျက်နှာ
311
ပုံစံ
Paperback
ထုတ်ဝေသူ
လူထုကြီးပွားရေးပုံနှိပ်တိုက်
ထုတ်ဝေသည့်နှစ်
2022
ထုတ်ဝေမူ
2nd Edition
စာအုပ်အရွယ်အစား
21.5 × 14 cm
ISBN
-
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
သုတ
အမျိုးအစားခွဲများ
သုတ