
ပရာဘဝသုတ် မြန်မာဠီကာ
စာရေးသူ - စစ်ကိုင်းတောင်ရိးရွှေဟင်္သာဆရာတော်အရှင်ပဏ္ဍိတထေရ်
အကျဉ်းချုပ်
မင်္ဂလသုတ္တန်ကို မြတ်စွာဘုရားထံတော်မှောက်မှာ ကြားနာ ကြရပြီးသော နတ်တို့သည် ဤသို့သော အကြံတစ်ရပ် ဖြစ်ပေါ်ကြ ပြန်သည်။ မြတ်စွာဘုရားသည် မင်္ဂလသုတ္တန် ဒေသနာတော်ဖြင့် သတ္တဝါတို့၏ ချမ်းသာကြီးပွားကြောင်းကိုသာ ဟောကြားညွှန်ပြတော် မူသည်။ ပျက်စီးဆုတ်ယုတ်ကြောင်းတို့ကိုကား မင်္ဂလသုတ္တန်၌ ဟော ကြားတော်မမူပေ။ သိသော်မှသာ ရှောင်ကြဉ်နိုင်ကြ၍ ချမ်းသာကြီးပွားရာသည် ဟု အကြံဖြစ်ပေါ်ကြသည်နှင့် ယင်းသို့သော ပျက်စီးဆုတ်ယုတ် ကြောင်းကိုလည်း မြတ်စွာဘုရားအား မေးလျှောက်ကြကုန်အံ့ဟု သဘောတူညီကြကုန်သည်ဖြစ်၍ မင်္ဂလသုတ္တန်ကို ဟောကြားတော် မူသောနေ့မှ နောက်တစ်နေ့၌ စကြဝဠာတိုက်တစ်သောင်းမှ ပရာ ဘဝသုတ္တန်ကို နာခံမှတ်ယူလိုကြသော နတ်တို့သည် သားမြီးဖျားခန့်မျှသော အရပ်ကလေး၌ ၁ဝ ယောက်တစ်စု၊ ၂ဝ ယောက်တစ်စုမှစ၍ ၇ဝ၊ ၈ဝ တစ်စုအထိ သေးငယ်သိမ်မွေ့သောကိုယ်ကို ဖန်ဆင်းကြ၍ မြတ်စွာဘုရား၏ ပတ်ဝန်းကျင်အရပ်၌ ဝိုင်းရံစောင့်စားကာ နေကြ ကုန်၏။ထို့နောက် သိကြားနတ်မင်းက မိမိကိုယ်စား စေလွှတ်လျှောက် ထားစေသော နတ်သားသည် မြတ်စွာဘုရားအနီးသို့ ချဉ်းကပ်၍ သတ္တဝါတို့၏ ပျက်စီးဆုတ်ယုတ်ကြောင်း တရားများထင်ရှားပေါ်ပေါက် ဖြစ်ထွန်းခဲ့ပေသတည်း။
စာမျက်နှာ
166
ပုံစံ
Paperback
ထုတ်ဝေသူ
SEIKKU CHO CHO
ထုတ်ဝေသည့်နှစ်
2020
ထုတ်ဝေမူ
3rd Edition
စာအုပ်အရွယ်အစား
21 × 13.5 cm
ISBN
-
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
ဘာသာရေး
အမျိုးအစားခွဲများ
ဘာသာရေး