
ဗုဒ္ဓဘာသာကောင်း တစ်ယောက်
စာရေးသူ - သာသနာတော် ထွန်းကား ပြန့်ပွားရေး ဦးစီးဌာန
အကျဉ်းချုပ်
မိမိတို့၏ အဖိုးတန်ဘဝ ရတနာကို ထိုက်ထိုက်တန်တန် အသုံးချလိုသူများ၊ ဗုဒ္ဓဘာသာကို အခြေခံမှ စတင်လေ့လာသူများ၊ ဗုဒ္ဓဘာသာဝင် အဖြစ် ခံယူလိုသူများ၊ “ ဗုဒ္ဓဘာသာကောင်းတစ်ယောက်” ဖြစ်လိုသူများ၊ ဗုဒ္ဓဘာသာ ဝင်အမည်ခံယူထားပြီး ဗုဒ္ဓဘာသာဝင်အသိ မရှိကြသေးသူများ၊ ဗုဒ္ဓဘာသာ မြန်မာ နိုင်ငံမှ နိုင်ငံခြားသို့ သွားရောက်ကြမည့် ပုဂ္ဂိုလ်များ၊ နိုင်ငံခြားသို့ ရောက်ရှိနေကြသော မြန်မာနိုင်ငံသားများ၊ ဗုဒ္ဓဘာသာဆိုင်ရာ ဗဟုသုတ ကြွယ်ဝလိုသူများ စသူတို့သည် ဤကျမ်းစာကို လေ့လာသင့်ကြပါသည်။ ဤသို့ လေ့လာပြီး ဤ“ကျမ်းစာ ဓမ္မရတနာ”တွင် ဖော်ပြထားသော နည်းများဖြင့် မိမိတို့၏ “ ဘဝရတနာ”ကို အလှဆင်ကြမည် ဆိုပါလျှင် မိမိတို့သည် တုမမြင် နှိုင်းမရ အတိုင်းအဆ မပြနိုင်လောက်အောင် အဖိုးတန်မြင့်မြတ်သော “ ဗုဒ္ဓဘာသာ ကောင်းတစ်ယောက်” ဖြစ်လာပြီး ပစ္စုပ္ပန်၊ သံသရာ နှစ်ဖက်နှစ်လမ်းမှာ စိတ်ချရ ပါလိမ့်မည်။ ထိုဗုဒ္ဓဘာသာကောင်းတို့ များပြားလာသည်နှင့်အမျှ ထိုသူမျိုးတို့ နေထိုင်ရာ တိုင်းပြည်နှင့် လူမျိုးပါ ပို၍ ပို၍ ငြိမ်းချမ်းသာယာလာနိုင်မည် ဖြစ်ပေသည်။
စာမျက်နှာ
667
ပုံစံ
Paperback
ထုတ်ဝေသူ
ကမ္ဘာအေး
ထုတ်ဝေသည့်နှစ်
2025
ထုတ်ဝေမူ
1st Edition
စာအုပ်အရွယ်အစား
26 × 16.5 cm
ISBN
-
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
ဘာသာရေး
အမျိုးအစားခွဲများ
ဘာသာရေး