
သုံးလွန်းတင်(မင်္ဂလာလှည်း၊သာဒိုး၊ကပ္ပိယ) ဝတ္ထုလတ်(၃)ပုဒ် စုစည်းမှု
စာရေးသူ - ခင်ခင်ထူး
အကျဉ်းချုပ်
"သုံးလွန်းတင်" စာအုပ်သည် အမျိုးသားဇာတ်ကောင်များကို အဓိကထား၍ ရေးသားထားသော ဝတ္ထုလတ်သုံးပုဒ် စုစည်းမှုဖြစ်ပြီး အညာဒေသကျေးလက်အငွေ့အသက်များကို ဖော်ပြထားသော စာအုပ်ဖြစ်သည်။ ၎င်းတွင်ပါဝင်သော "မင်္ဂလာလှည်း" ဝတ္ထုသည် လူမှုရေးစိတ်ထက်သန်သူ ကိုချစ်တိုးက သတို့သားလောင်း မောင်ကြိုင်အတွက် သတို့သမီးတောင်းရမ်းရန် မင်္ဂလာခရီးသွားရာ၌ ကြုံတွေ့ရသည့် အခက်အခဲများကို ဟာသနှော၍ ရေးသားထားခြင်းဖြစ်သည်။ "သဒိုး" ဝတ္ထုတွင် ကျွဲ၊ နွား တိရစ္ဆာန်များကို သတ်ဖြတ်ရသော အသားထိုးသမား ဒိုးကလေး၏ ဘဝအကြောင်းကို ရေးဖွဲ့ထားပြီး၊ "ကပ္ပိယ" ဝတ္ထုတွင်မူ ကျေးလက်ဘုန်းကြီးကျောင်းတစ်ကျောင်းရှိ ကပ္ပိယကြီး စံလှဘော်၏ ဘဝရပ်တည်မှုနှင့် အတွေ့အကြုံများကို သရုပ်ဖော်ထားပါသည်။
စာမျက်နှာ
263
ပုံစံ
Paperback
ထုတ်ဝေသူ
ဓူဝံစာအုပ်တိုက်
ထုတ်ဝေသည့်နှစ်
2025
ထုတ်ဝေမူ
3rd Edition
စာအုပ်အရွယ်အစား
20.6 × 13.6 cm
ISBN
9774949342910
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
ဝတ္ထု
အမျိုးအစားခွဲများ
ဝတ္ထု