
စိတ်
စာရေးသူ - ဂျာနယ်ကျော်မမလေး
အကျဉ်းချုပ်
ဂျာနယ်ကျော်မမလေး၏ 'စိတ်' ဝတ္ထုသည် ခေတ်ပညာတတ် အမျိုးသမီး ဆရာဝန်တစ်ဦးဖြစ်သူ မစောလင်း၏ ဘဝဖြတ်သန်းမှုနှင့် စိတ်ဓာတ်ကြံ့ခိုင်မှုကို ဖော်ပြထားသည့် ဝတ္ထုတစ်ပုဒ်ဖြစ်သည်။ ဝတ္ထု၏ အဓိကဇာတ်ကောင် မစောလင်းသည် သိပ္ပံပညာနှင့် သဘာဝတရားကို စူးစမ်းလေ့လာလိုစိတ်ရှိသော်လည်း လူကဲခတ်ရာတွင်မူ အားနည်းခဲ့သည်။ ထိုအားနည်းချက်ကြောင့်ပင် လုပ်ဖော်ကိုင်ဖက် ဆရာဝန် ဖေဦး၏ ကျူးကျော်စော်ကားမှုကို ခံခဲ့ရပြီး ဘဝတွင် ကြီးစွာသော ဒုက္ခနှင့် ရင်ဆိုင်ခဲ့ရသည်။ သို့သော် မစောလင်းသည် မိမိကြုံတွေ့ရသော ဆိုးရွားသည့် အဖြစ်အပျက်များကို ကြံ့ကြံ့ခံရင်း အမျိုးသားအချို့၏ ယုတ်ညံ့သော စိတ်နေသဘောထားကို အရှက်ကိုပင်မငဲ့ဘဲ ရဲရင့်စွာ ထုတ်ဖော်ပြောကြားခဲ့သည်။ မိမိ၏ ခန္ဓာကိုယ်သည် ညစ်နွမ်းစော်ကားခံရသော်လည်း မိမိ၏ စိတ်ထားမှာမူ ယုတ်ညံ့ခြင်းမရှိကြောင်း သက်သေပြခဲ့သည့်အပြင် ဒုက္ခကို အရင်းတည်၍ ရရှိလာသော အမှန်တရားကို ရဲရင့်စွာ ရင်ဆိုင်ပြခဲ့သည့် ဇာတ်လမ်းတစ်ပုဒ် ဖြစ်သည်။
စာမျက်နှာ
334
ပုံစံ
Paperback
ထုတ်ဝေသူ
သီဟရတနာစာပေ
ထုတ်ဝေသည့်နှစ်
2025
ထုတ်ဝေမူ
9th Edition
စာအုပ်အရွယ်အစား
19 × 13.4 cm
ISBN
978-9-998-60267-0
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
ဝတ္ထု
အမျိုးအစားခွဲများ
ဝတ္ထု