
သာသနာပြုရန်လမ်းကြောင်းမှန်
စာရေးသူ - အရှင်အဘယာလင်္ကာရ
အကျဉ်းချုပ်
ယနေ့ခေတ်တွင် လူအများသည် လမ်းသွားရင်း လမ်းပျောက်နေသူများ နှင့် တူ၏။ သာသနာပြုဟု ပြောနေကြသော်လည်း သာသနာ၏အနှစ်သာရကို နားမလည်၍ သာသနာဖျက်များ ဖြစ်နေကြလေသည်။ သာဓကပြရသော်- မြန်မာနိုင်ငံတွင် ရဟန်းခံပြီး၍ သိမ်ဆင်းလောင်းလှူလေ့ရှိကြ၏။ ထိုတွင် လှူဖွယ်ပစ္စည်းသာမက ဝတ္ထုငွေများကိုလည်း လောင်းလှူလေ့ရှိရာ ဒကာ၊ ဒကာမတို့၏ ဒါနကို အကြောင်းပြု၍ ရဟန်းများသည် သီလပျက်ကြလေသည်။ မှန်၏။ ရဟန်းသည် ငွေအလှူ မခံအပ်သည်မဟုတ်လော။ ငွေအလှူမခံအပ်သည် ကို အလှူခံလျှင် သီလပျက်လေရာ၏။ ထိုသို့ဆိုလျှင် သီလသာသနာ (သီလ သိက္ခာ) ပျက်လေပြီ။ သီလသိက္ခာပျက်လျှင် သမာဓိသိက္ခာနှင့် ပညာသိက္ခာ လည်း မဖြစ်နိုင်တော့ချေ။ ဤသို့ဆိုလျှင် ရဟန်းတို့အား တိုက်ရိုက်ငွေလှူခြင်း သည် အဘယ်မှာလျှင် သာသနာပြု ဟု ဆိုနိုင်လိမ့်မည်နည်း။ (သတိပြုကြလေ) ထိုသို့ မှားယွင်းနေသော သာသနာပြုနည်းများကို တည့်မတ်လို၍ “သာသနာပြုရန် လမ်းကြောင်းမှန်” ဟူသော ဤစာအုပ်ကို ရေးသားရပါသည်။ ဤစာအုပ်လာ ရှေးဆရာတော်ကြီးများ၏ သာသနာပြုနည်းများ၊ အဆုံးအမ များကို ဖတ်ရှုပြီး သာသနာချစ်သူများမှန်လျှင် ကျမ်းဂန်လာ ရှေးဆရာတော် များ၏ သာသနာပြုနည်းများကို လက်မလွှတ်သင့်ဘဲ နည်းမှန် လမ်းမှန်ဖြင့် သာသနာတိုးတက်ရေး အားထ
စာမျက်နှာ
244
ပုံစံ
Paperback
ထုတ်ဝေသူ
ဓမ္မစံအိမ်
ထုတ်ဝေသည့်နှစ်
2022
ထုတ်ဝေမူ
2nd Edition
စာအုပ်အရွယ်အစား
21 × 14.5 cm
ISBN
-
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
ဘာသာရေး
အမျိုးအစားခွဲများ
ဘာသာရေး