
ဗဟုသုတလင်းရောင်ခြည် မဟာသုတဒီပနီကျမ်း (ဒုတိယတွဲ)
စာရေးသူ - ဘဒ္ဒန္တကုဏ္ဍလ
အကျဉ်းချုပ်
ပညာသုတပြည့်ဝ လိုကြသော သုတေသန၊ သုတဂဝေသီတို့လက်သို့ ဤမဟာသုတဒီပနီကျမ်းစာ(ဒုတိယတွဲ)ကို သန့်စင်မွန်မြတ်စွာပို့ဆောင်ပေးလိုက်ခြင်းဖြင့် ကျေးဇူးရှင်ဆရာတော်ကြီးကို ပူဇော်လိုက်ရသလို ကျေနပ်ပီတိဖြစ်မိပါသည်။ အရှေ့လယ်တီတိုက်သားဖြစ်ခဲ့ဖူးသော မိမိသည် ဓမ္မအမွေကို လက်ဆင့်ကမ်းခံယူရန်တာဝန်ရှိသည်ဟု ခံယူမြတ်နိုးထားသည့်အတိုင်း ဆရာသမားတို့၏ စာပေအမွေကို ဆက်လက်ပြန့်ပွားရန်ဆောင်ရွက်သွားမည်ဟု အာရုံပြုထားလျက်ရှိပါသည်။ ဤစာအုပ်ဖြစ်မြောက်ရေးအတွက် ကူညီထောက်ပံ့လှူဒါန်းပေးကြပါသော မေတ္တာအေး ဆရာတော်အရှင်သုဇာတ၊ မဇ္ဈိမဂုဏ်ရည်ဆရာတော် ဒေါက်တာအရှင်ကောဝိဒ၊ မနာပဒါယီ ကိုရီးယားဆရာတော် အရှင်ဝိစိတ္တ၊ ရွှေတွံတေးဆရာတော် အရှင်ဝါယမနှင့် ငြိမ်းချမ်းပါစေ မိသားစုတို့အား အထူးကျေးဇူးတင်ရှိပါသည်။ ထို့ပြင် ဤစာအုပ်နှင့် ပတ်သက်၍ ပြင်ဆင်တည်းဖြတ်ပေးပါသော အရှင်သြဘာသ (ကထိက၊ ဝိနယပိဋကမဟာဌာန)နှင့် အရှင်ဇနက(လင်္ကာဒီပ)၊ အရှင်အာဒိစ္စ(စာကြည့်တိုက် မှူး)၊ အရှင်ဇဋိလ(စလင်း)၊ အရှင်ပဏ္ဍဝ(ပုလဲ)၊ အောင်မှူးဝေ၊ မြတ်ကိုကိုမောင်၊ ကျော်မြတ် ဖြိုး၊ ပျိုးခင်းကျောင်းသားများနှင့် ကျေးဇူးတင်ထိုက်သူများအားလုံးကို ကျေဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။
စာမျက်နှာ
420
ပုံစံ
Paperback
ထုတ်ဝေသူ
ပျိုးခင်းစာပေ
ထုတ်ဝေသည့်နှစ်
2025
ထုတ်ဝေမူ
1st Edition
စာအုပ်အရွယ်အစား
26.7 × 20 cm
ISBN
-
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
ဘာသာရေး
အမျိုးအစားခွဲများ
ဘာသာရေး