
သံဝဏ္ဏနာနိယံ ပို့ချချက်
စာရေးသူ - မဟာမင်းထင်စာချဆရာတော်
အကျဉ်းချုပ်
ဆရာတော်သည် ဝိဂြိုဟ်ဆို ဝါကျခင်းရာ၌ ဖြစ်နိုင်သမျှ ခင်းပြထားပါသည်။ ဥပမာ- ပတ္ထယံ-ကို ဝိဂြိုဟ်ဆိုရာ၌ ပတ္ထယံ-သည် စုရာဒိဂိုဏ်း ပတ္ထေတိ, ပတ္ထယတိ-ဟု ဏေ, ဏယ, ၂-ပစ္စည်းဖြင့် ဖွင့်ပြထားသည်။ ဇေဂုစ္ဆော-ကို ဝိဂြိုဟ်ဆိုရာ၌- ဇိဂုစ္ဆယတေ, ဇိဂုစ္ဆိတဗ္ဗော, ဇိဂုစ္ဆနီယော- ဟု သပဒ, အသပဒ ၂-မျိုး၊ တဗ္ဗ, အနီယ ၂-ပစ္စည်းလုံးဖြင့် ဝါကျခင်းပြထားပါသည်။ စာမေးပွဲဖြေဆိုရာ၌ မိမိနှစ်သက်ရာတစ်မျိုးဖြင့်သာ ဖြေဆိုရပါမည်။ နိယံများကိုလည်း အစဉ်အတိုင်း မပို့ချပါ။ သံဝဏ္ဏေတဗ္ဗ ပုဒ်ချင်းတူသော နိယံအလိုက် ပို့ချပါသည်။ နိယံ(၁)နှင့် နိယံ(၁၁) သည် သံဝဏ္ဏေတဗ္ဗတဒ္ဓိတ်ပုဒ်ချင်း တူသောကြောင့် နိယံ(၁)ပြီးက နိယံ(၁၁)ကို ပို့ချပါသည်။ ဆရာတော်သည် အခြားသော ကျမ်းစာအုပ်များကို စိစစ်ခြင်း နှင့် စာချတာဝန်များကို လုပ်ဆောင်နေသည့် မအားလပ်သည်ကြားမှ စိစစ်ပေးခြင်းဖြစ်သည့်အတွက် ဤကျမ်းစာအုပ်နှင့် ပတ်သက်၍ အမှားအယွင်း တစ်စုံတစ်ရာ တွေ့ရှိခဲ့သော် အမှန်ပြင်ဆင်၍ ဖတ်ရှုတော်မူကြပါ။
စာမျက်နှာ
355
ပုံစံ
Paperback
ထုတ်ဝေသူ
လင်းသန့်စာပေ
ထုတ်ဝေသည့်နှစ်
2024
ထုတ်ဝေမူ
1st Edition
စာအုပ်အရွယ်အစား
22 × 15.5 cm
ISBN
-
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
ဘာသာရေး
အမျိုးအစားခွဲများ
ဘာသာရေး