
ပါဠိဗောဓိ ပါဠိသဒ္ဒါနှင့် စာစီစာကုံး (အဆင့်မြင့်ပိုင်း)
စာရေးသူ - အရှင်ဂုဏိဿရ
အကျဉ်းချုပ်
ပါဠိဗောဓိ (ပါဠိသဒ္ဒါနှင့် စာစီစာကုံး)”စာအုပ်ကို ၁၃၄၅-ခု ဝါဆိုလွှန်း (၁)ရက် တနင်္ဂနွေနေ့တွင် ရူပသိဒ္ဓိနှင့် အဋ္ဌသာလိနီအဋ္ဌကထာ စာနှစ်ဝါပို့ချရင်း စတင်ရေးသားခဲ့ရာ ၁၃၄၆-ခု၊ သီတင်းကျွတ်ညွှန်း ၅-ရက်နေ့တွင် ပြီးခဲ့ပါသည်၊ တစ်နှစ်ခွဲ ကြာပါသည်၊ ယခု ၁၃၆၄-ခု၊ နှစ်ပေါင်း ၁၈-နှစ်ကြာမှ ပုံရိုက်နိုင်ပါ သည်၊ ပုံမရိုက်နိုင်မီ နှစ်များအတွင်း၌ လက်နှိပ်စက်ရိုက် ဖယောင်းဖောက် စာအုပ် လုပ်ကာ အသုံးပြုခဲ့ရ၏၊ ထိုသို့ အသုံးပြုရင်း မကြိုက်သေးက ပြင်လိုက်, ဖြည့် စွက်လိုက်, ဖြုတ်ပယ်လိုက်, အသစ်ပြန်ရေးလိုက်, ရှေ့နောက်နေရာရွှေ့ ပြောင်းလိုက် ဖြင့် ပုံရိုက်ခါနီးအထိ စိတ်တိုင်းကျ ပြင်ဆင်ခွင့် ရခဲ့ပါသည်၊ ဤသို့ ဆိုလျှင် ဤစာအုပ်ရေးသက်သည် ၁၈-နှစ်ကြာသည်-ဟု ဆိုနိုင်ပါသည်။ စာအုပ်ရေးပြီးလျှင်ပြီးချင်း ပုံမရိုက်နိုင်ခြင်းသည် အကောင်းဘက်ကရှုမြင်လျှင် “ကောင်း၏”ဟု ဆိုနိုင်ပါသည်၊ လက်နှိပ်စက်မူဖြင့် သင်ပြသည့်အခါ ချို့ယွင်း ချက်များ, လိုအပ်ချက်များ, မလိုအပ်ချက်များကို တွေ့မြင်ကာ စိတ်တိုင်းကျ ပြင်ဆင်ခွင့် အကျိုးကို ရခဲ့ ပါသည်၊ ထိုသို့ ၁၈-နှစ်ပတ်လုံး ပြင်ဆင်သော်လည်း ချို့ယွင်းချက်များကား ပါနေဦးမည် ဖြစ်ပါသည်၊ ပြင်၍ဆုံးနိုင်တော့မည် မဟုတ်ပေ။
စာမျက်နှာ
531
ပုံစံ
Paperback
ထုတ်ဝေသူ
ဗုဒ္ဓစာပေထိန်းသိမ်းပြန့်ပွားရေးအဖွဲ့
ထုတ်ဝေသည့်နှစ်
2019
ထုတ်ဝေမူ
5th Edition
စာအုပ်အရွယ်အစား
24 × 17 cm
ISBN
-
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
ဘာသာရေး
အမျိုးအစားခွဲများ
ဘာသာရေး