
တောင်ငူခေတ်
စာရေးသူ - ဒေါက်တာကျော်ဝင်း၊ ဒေါ်ညိုညိုတင်
အကျဉ်းချုပ်
ယခု ဒေါက်တာကျော်ဝင်းနှင့် ဒေါ်ညိုညိုတင်တို့ ရေးသားသော တောင်ငူခေတ် အကြောင်းကိုဖတ်သည့်အခါမှ တောင်ငူ၏ အစပိုင်းမင်းများ မြောက်များစွာရှိပြီး တစ်ပါးကိုတစ်ပါးသတ်ဖြတ်၍လည်းကောင်း၊ နတ်ရွာစံ၍ ထီးနန်းဆက်ခံကြသည်ကိုလည်းကောင်း၊ အသေးစိတ် သိရသည်။ သဝန်ကြီး၊ သဝန်ငယ်မှစ၍ မင်းကြီးညိုမတိုင်မီအထိ မင်းနှစ်ဆယ့်ရှစ်ဆက်မြောက် ရှိခဲ့ကြောင်း၊ ကျောက်စာ၊ ပေစာများမှ ဤအချက်များကို ရရှိကြောင်းသိရသည်။ ဒေါက်တာ ကျော်ဝင်းနှင့် ဒေညိုညိုတင်တို့ ရေးသားပြုစုထားသော ဤစာအုပ်ကို ဖတ်ရှုခြင်းဖြင့် တောင်ငူ ခေတ်အကြောင်းကို အများပြည်သူ အသေးစိတ် သိရှိကြမည်ဖြစ်သည်။ သို့မဟုတ်က တောင်ငူ ဒေသခံများသာ သိမည်ဖြစ်သည်။ တောင်ငူခေတ်ရေးသားသူများသည် အုပ်ချုပ်ရေး။ စီးပွားရေးစသည်တို့ကို ကျောက်စာ၊ ပေစာ၊ ရတုရကန်၊ ဧချင်းစသည်တို့မှ ရယူဖော်ထုတ်ရေးသားထားသည်ကို တွေ့ရသည်။ ဂဃနဏ ရှာဖွေဖော်ထုတ်ရေးသားထားခြင်းဖြစ်သည်။ ချီးမွမ်းသင့်ပါပေသည်။ ထို့ကြောင့် “တောင်ငူခေတ်” စာအုပ်သည် မှတ်တမ်းတင်သင့်သော စာအုပ်ဖြစ်သည်။ ဤစာအုပ်သည် မျိုးဆက်သစ် သုတေသီလူငယ်များအတွက် လက်စွဲစာအုပ် ဖြစ်လာပေလိမ့်မည်။
စာမျက်နှာ
278
ပုံစံ
Paperback
ထုတ်ဝေသူ
မြန်မာ့သမိုင်းသုတေသန
ထုတ်ဝေသည့်နှစ်
2022
ထုတ်ဝေမူ
1st Edition
စာအုပ်အရွယ်အစား
25.2 × 18.3 cm
ISBN
-
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
သမိုင်း
အမျိုးအစားခွဲများ
မြန်မာသမိုင်း