
လုမ္ဗိနီ
စာရေးသူ - မောင်သံငြိမ်း
အကျဉ်းချုပ်
နိုင်ငံတော်၏ကျေးဇူးကြောင့် ရှင်တော်ဂေါတမမြတ်ဗုဒ္ဓဖွားမြင်တော် မူရာအရပ်ဖြစ်သည့် လုမ္ဗိနီဥယျာဉ်တည်ရှိရာ နီပေါနိုင်ငံသို့ သံအမတ်ကြီးအဖြစ် ရောက်ရှိတာဝန်ထမ်းဆောင်ခဲ့ရပါသည်။ နီပေါနိုင်ငံတွင် ၁၉၉၁ ခုနှစ်၊ အောက်တိုဘာလမှ ၁၉၉၃ ခုနှစ်၊ ဇူလိုင်လအထိ လပေါင်း ၂ဝ ကျော် နေထိုင် ခဲ့စဉ် ရုံးစိုက်ရာ ခတ္တမန္ဒူမြို့တော်မှ ၁၈၂ မိုင် ကွာဝေးသော လုမ္ဗိနီသို့ အကြိမ် ကြိမ်ရောက်ရှိခဲ့ပါသည်။ ရောက်ရှိတိုင်းလည်း ဤနေရာတွင် သုံးလောက ထွတ်ထားသဗ္ဗညုတမြတ်စွာဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားဖွားမြင်တော် မူရာ နေရာပါတကားဟု အောက်မေ့သတိရပြီး စိတ်ချမ်းသာကြည်နူးမှုရရှိခဲ့ ပါသည်။ အခြားနိုင်ငံများမှ ဘုရားဖူးအဖွဲ့အများအပြားကိုတွေ့ရှိရပြီး တစ်ချိန် တည်းတွင် အမိနိုင်ငံသား ဗုဒ္ဓဘာသာဝင်များကို မိမိနည်းတူ ဤဒေသသို့ ဘုရားဖူးရောက်ရှိ ဖူးမြော်စေလိုသည့် ဆန္ဒပေါ်ပေါက်ခဲ့ရပါသည်။ကိုယ်တိုင်မရောက်နိုင်သည့်တိုင်အောင် လုမ္ဗိနီဒေသအကြောင်းကို သိစေ၊ ဖတ်စေလိုပါသည်။ အဆိုပါဆန္ဒ၏ စေ့ဆော်တိုက်တွန်းမှုကြောင့် လက်တစ်ကမ်းတွင်ရှိသော လုမ္ဗိနီအကြောင်းစာအုပ်စာတမ်းများကို ဖတ်ရှုမိပါ သည်။ ဆရာတော်များ၊သီလရှင်ဆရာကြီးများထံချဉ်းကပ်မေးမြန်းမိပါသည်။စာတမ်းအဖြစ်ပြုစုခဲ့သည်။
စာမျက်နှာ
182
ပုံစံ
Paperback
ထုတ်ဝေသူ
မြဝတီစာပေတိုက်
ထုတ်ဝေသည့်နှစ်
2020
ထုတ်ဝေမူ
4th Edition
စာအုပ်အရွယ်အစား
20.5 × 14.5 cm
ISBN
978-9-997-17928-9
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
ဘာသာရေး
အမျိုးအစားခွဲများ
ဘာသာရေး