
ဓမ္မဒေသနာ (၃)
စာရေးသူ - အရှင်အဘယာလင်္ကာရ
အကျဉ်းချုပ်
ယခုခေတ်သည် ဆုတ်ယုတ်လာသော ခေတ်ဖြစ်၍ လောဘ၊ ဒေါသ အားကြီးကာ သီလလုံခြုံမှု အားနည်းလျက် ရှိကြသည်။ သီလ လုံအောင်ကျင့်နေသူများကို အပြစ်မြင်လိုသူများပင် ရှိနေသေးသည်။ ထို့ပြင် မြန်မာနိုင်ငံတွင် ရိုးရာဓလေ့များနှင့် ရောထွေးကာ ကိုးကွယ်မှု ပိုင်းဆိုင်ရာတွင်လည်း မစင်ကြယ်ဘဲ ရှိနေသည်။ ဤအကြောင်းကြောင့် လည်း အယူသီလစင်ကြယ်ရေးကို ဦးစားပေး ဟောဖြစ်သည်။ မြတ်စွာဘုရားကလည်း တရားထူးတရားမြတ်ကို လိုချင်လျှင် သီလနှင့်အယူကို စင်ကြယ်အောင်လုပ်ပြီးမှ သတိပဋ္ဌာန်ကို ပွားများ အားထုတ်ရန် မဟာဝဂ္ဂသံယုတ်ပါဠိတော် ဗာဟိယသုတ်၊ ဥတ္တိယသုတ် စသည်တို့၌ ဟောကြားတော်မူခဲ့သည်မဟုတ်လော။ သို့ဖြစ်၍လည်းသီလနှင့် အယူစင်ကြယ်ရေးတရားတို့ကို ရွေးချယ်ကာ ဟောပြော ဖြစ်သည်။ ထိုဟောစဉ်တရားတို့ကို စဉ်ဆက်မပြတ် နာယူလျက်ရှိသော ဒကာကိုဦးတို့မိသားစုက အသံဖိုင်များကို နားထောင်ကာ လက်ရေးဖြင့် ကူးရေးခဲ့ကြသည်။ စာချဘုန်းကြီးများက စစ်ဆေးပေးကြသည်။ ဘုရားရှင်၏ တရားတော်များကို ပြန်လည်ဟောကြားခြင်း ဖြစ်၍ စာအုပ် အမည်ကို “ဓမ္မဒေသနာ“ ဟု ပါဠိဘာသာဖြင့်ပင် အမည်ပေးဖြစ် သည်။
စာမျက်နှာ
164
ပုံစံ
Paperback
ထုတ်ဝေသူ
သီရိရတနာပဠိကတ်စာပေ
ထုတ်ဝေသည့်နှစ်
2024
ထုတ်ဝေမူ
1st Edition
စာအုပ်အရွယ်အစား
21 × 15 cm
ISBN
-
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
ဘာသာရေး
အမျိုးအစားခွဲများ
ဘာသာရေး