
ယမကဗောဓိ (ဒုတိယတွဲ)
စာရေးသူ - အရှင်ဂုဏိဿရ
အကျဉ်းချုပ်
ဣန္ဒိယယမိုက်ကား ဣန္ဒြေသရုပ်များသည့်အတိုင်း ကျယ်ဝန်းလှပါသည်၊ ပဋိသန္ဓေခဏ, စုတိခဏ ၂-ချက်၌သာဟောသည့်ဣန္ဒြေ၊ ပဋိသန္ဓေ, ပဝတ္တိ, စုတိခဏ ၃-ချက်လုံး၌ ဟောသည့်ဣန္ဒြေဟု ၂-မျိုးရှိသည့် အတွက် ၂-ပိုင်းခွဲကာ ရှင်းပြထားပါသည်။ ပရိညာဝါရ၌လည်း ပါဠိတော်နည်း, အရကောက်နည်းဟု ၂-နည်းသရုပ်ခွဲပြထားပါသည်၊ အညိန္ဒြေမူလ-မူလီဝယ် ပါဠိတော်စာအုပ်၌ “မဇ္ဈေ ဆ ဉာဏာနိ အညိန္ဒိယာနိ”အရ ပစ္စုပ္ပန္နဝါရ၌ အထက် မဂ္ဂဋ္ဌာန် ၃ယောက်လုံးကို ယူပြီးထုတ်ထားသည့် ဝိဘင်းပါဠိရှိပါသည်၊ အရကောက်ဆရာကြီးက ပရိညာကိစ္စဟူသည် မတ္ထကကိစ္စပတ္တဖြစ်၍ အရဟတ္တ မဂ္ဂဋ္ဌာန်ပုဂ္ဂိုလ် တစ်ယောက်ကိုသာယူပြီး ဝိဘင်းထုတ် အရကောက်ပြထားပါ သည်၊ ထို့ကြောင့် သရုပ် ၂-နည်း ခွဲပြထားပါသည်။ ဤသို့လျှင် ဤယမကဗောဓိ၌ ဝိဘင်းထုတ်ပုံ, အရကောက်ပုံတို့ကို သက် ဆိုင်ရာ ယမိုက်အလိုက် သရုပ်ခွဲ၍လည်းကောင်း၊ ဝီထိချပြ၍လည်းကောင်း သဘောသဘာဝ ယူဆချက်နှင့်တကွ ရှင်းလင်းတင်ပြထားပါသည်။ ဤရှင်းပြ ချက်များသည် အရကောက်ဆရာတော်ကြီး၏ အာဘော်ကို ဖော်သည့်အနေ အားဖြင့်လည်းကောင်း၊ ရှေးရှေးဆရာတော်တို့၏ ပို့ချချက်များကို နည်းယူ၍ လည်းကောင်း၊ နှစ်ပေါင်း ၃ဝ-ကျော်ပို့ချပြီးမှ ရလာသောအတွေ့အကြုံများကို အခြေခံ၍လည်းကောင်းဖော်ထုတ်ထားသည့်။
စာမျက်နှာ
346
ပုံစံ
Paperback
ထုတ်ဝေသူ
ဗုဒ္ဓစာပေထိန်းသိမ်းပြန့်ပွားရေးအဖွဲ့
ထုတ်ဝေသည့်နှစ်
2019
ထုတ်ဝေမူ
2nd Edition
စာအုပ်အရွယ်အစား
24.5 × 17 cm
ISBN
-
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
ဘာသာရေး
အမျိုးအစားခွဲများ
ဘာသာရေး