
ထိရှခံစားလွယ်တဲ့ ကလေးတွေကို ပြုစုပျိုးထောင်နည်း
စာရေးသူ - ဒေါက်တာအောင် (ဆေး - ၂)
အကျဉ်းချုပ်
လွယ်ကူရိုးရှင်းလှတဲ့ ဒီလမ်းညွှန်စာအုပ်လေးဟာ ထိရှခံစားလွယ်တဲ့ ကလေးငယ်တွေအတွက်၊ နောက်ပြီး မိဘအုပ်ထိန်းသူဖြစ်တဲ့ သင့်အတွက် ထိရှခံစားလွယ်မှုအကြောင်း အခြေခံနားလည်မှုတွေထက်ကျော်လွန်ပြီး ကလေးငယ်တွေ ငိုယိုဂျီကျတဲ့အချိန်တွေမှာ ဖြစ်တတ်တဲ့ စိတ်မချမ်းသာစရာအဖြစ်တွေကို မြင်တွေ့နားလည် သဘောပေါက်သွားစေပါလိမ့်မယ်။
ငိုယိုပေါက်ကွဲမှုဆိုတာ ထိရှခံစားလွယ်တဲ့ ကလေးငယ်တစ်ယောက်အတွက်တော့ အင်မတိအင်မတန် စိုးထိတ်စရာကောင်းတဲ့ အတွေ့အကြုံကြီးတစ်ရပ်ဖြစ်နေနိုင်သလို ဘေးကနေ မြင်တွေ့ရသူတွေအဖို့လည်း အင်မတန် စိတ်ဆင်းရဲစရာကောင်းတဲ့ ကိစ္စတစ်ရပ် ဖြစ်ပါတယ်။
ဒီလမ်းညွှန်စာအုပ်လေးက ငိုယိုဂျီကျပေါက်ကွဲမှုဆိုတာ ဘာလဲ၊ ငိုယိုဂျီကျမှုတွေ ဘာကြောင့်ဖြစ်ရသလဲ၊ အတတ်နိုင်ဆုံး ထပ်မဖြစ်ရအောင် ဘယ်လိုကာကွယ်မလဲ၊ ငိုယိုဂျီကျပေါက်ကွဲနေတဲ့ ကလေးငယ်ကို ချော့မြူနိုင်စေဖို့၊ အားပေးကူညီနိုင်စေဖို့နဲ့ သင့်ကိုယ်သင်နဲ့ တခြားသူတွေကို ကိုယ်ချင်းစာတရားရှိရှိ ဂရုတစိုက် ဘယ်လိုအားပေးကူညီနိုင်မလဲဆိုတာ သဘောပေါက်လာစေအောင် ကူညီပေးမှာ ဖြစ်သလို သင့်ကိုယ်သင် ယုံကြည်ချက် တိုးလာစေပါလိမ့်မယ်။
စာမျက်နှာ
87
ပုံစံ
Paperback
ထုတ်ဝေသူ
သားငယ်စာပေ
ထုတ်ဝေသည့်နှစ်
2024
ထုတ်ဝေမူ
1st Edition
စာအုပ်အရွယ်အစား
13 × 19 cm
ISBN
978-9-997-14699-1
ပစ္စည်းလက်ကျန်
ကုန်နေပါပြီ
အမျိုးအစား
အမျိုးအစားခွဲများ
သုတ, ကလေးများအတွက်ဗဟုသုတ
မာတိကာ
- ဂျီကျပေါက်ကွဲမှုနဲ့ ထိရှခံစားလွယ်တဲ့ ကလေးငယ်များ
- ဂျီကျပေါက်ကွဲရခြင်း အကြောင်းရင်းများ
- ဂျီကျပေါက်ကွဲမှုအပေါ် တုံ့ပြန်ပုံ
- ခံစားချက်များကို ရှာဖွေခြင်း
- ညှိနှိုင်းခြင်းနဲ့ သတိပြုမိခြင်း
- ဂျီကျပေါက်ကွဲမှုဖြစ်ချိန် ကလေးကို ကူညီဖေးမနည်း
- မိမိကိုယ်ကို ဂရုစိုက်ခြင်းက သင့်ကလေးကို ဂရုစိုက်ခြင်းမည်ပါတယ်