
ပန်ဆုယူတာရေသွန်းချိန်မို့
စာရေးသူ - ဆူးငှက်
အကျဉ်းချုပ်
မြန်မာတို့၏ ၁၂ လရာသီတွင် တန်ခူးလကို သင်္ကြန်ပွဲတော်ဖြင့်သာ မှတ်တမ်းပြုခဲ့သည်။ ထို့ကြောင့် ရှေးအတီတေ ကတည်းက နှစ်သစ်ကူးအခါ တန်ခူးလသည် သင်္ကြန်ပွဲတော်ကို အစဉ်အလာမပျက် ကျင်းပကြခြင်းက ထုံးစံဖြစ်သည်၊ ရိုးရာဖြစ်သည်၊ ထိုမျှမက ယဉ်ကျေးမှုလည်း ဖြစ်သည်။ သင်္ကြန်ပွဲတော်ကျင်းပကြခြင်း အခင်းအကျင်းကလည်း စိတ်ဝင် စားဖွယ် ဖြစ်၏။ သည်အခင်းအကျင်း၊ သည်ပုံရိပ်၊ သည်မှတ်တမ်းတွေက တိုင်းပြည်၏ နိုင်ငံရေး၊ စီးပွားရေး ပင်စည်ပင်မမှ ယဉ်ကျေးမှုနှင့် လူနေ စရိုက်၊ လူမှုပတ်ဝန်းကျင် အပြောင်းအလဲ အချိုးအကွေ့ကို လေ့လာနိုင် သည်။ယခု ၁ဝ နှစ်အကြာ ၂၀၂၆ ခုနှစ် ဧပြီလတွင် ပဉ္စဂံစာအုပ်တိုက် ကပင် ယခု “ပန်ဆုယူ တာရေသွန်းချိန်မို့” ကို ဒုတိယအကြိမ် ပြန်လည် ထုတ်ဝေလိုက်ပါပြီ။ တမလွန်က ဘကြီးမိုး (ဆရာမောင်မိုးသူ) ကို ဦးချ ကန်တော့ရင်း မိတ်ဆွေကြီး ကိုအောင်သူ၏ ပဉ္စဂံစာအုပ်တိုက်ကိုလည်း ကျေးဇူး အထူးတင်ရှိပါကြောင်း။
စာမျက်နှာ
150
ပုံစံ
Paperback
ထုတ်ဝေသူ
ပဉ္စဂံစာအုပ်တိုက်
ထုတ်ဝေသည့်နှစ်
2026
ထုတ်ဝေမူ
2nd Edition
စာအုပ်အရွယ်အစား
18.5 × 12.2 cm
ISBN
9202375254007
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
စာပေနှင့်ယဉ်ကျေးမှု
အမျိုးအစားခွဲများ
သုတ