
နန်းဟာဗီး
စာရေးသူ - ရန်ကုန်ဘဆွေ
အကျဉ်းချုပ်
ရန်ကုန်မြို့တွင် သူနာပြုသင်တန်းတက်ပြီး ပညာတတ်အမျိုးသမီးတစ်ဦး ဖြစ်လာသော အဝါ (ခေါ်) ဆွန်းဝမ်း သည် ချစ်သူဖြစ်သူ ဆရာဝန်လောင်း "ကို" နှင့် နောင်ရေးအတွက် ကတိကဝတ်များ ထားရှိခဲ့ပြီးနောက်၊ ခေတ္တအနားယူရန် ချင်းတွင်းမြစ်ဖျားရှိ မိမိ၏ ဇာတိပဒူးမိန်းရွာကလေးသို့ ပြန်လာခဲ့သည်။ ရွာသို့ရောက်သောအခါ ပညာတတ်တစ်ဦး၏ အမြင်ဖြင့် မိမိ၏ လူမျိုးစုဓလေ့များ၊ အထူးသဖြင့် ဘိန်းမှိုင်းမိနေသော မိဘနှစ်ပါး၏ နွမ်းပါးစုတ်ချာမှုနှင့် အမျိုးသမီးများအပေါ် ထားရှိသည့် ရှေးရိုးစွဲ ယဉ်ကျေးမှုစရိုက်များကို စက်ဆုပ်ရွံရှာဖွယ်ရာ ပြန်လည်တွေ့ရှိခဲ့ရသည်။ သူငယ်ချင်းဖြစ်သူ မင်းဝမ်း ထံမှ နာဂနှင့် ပိန်းကူးလူမျိုးတို့၏ လွတ်လပ်လွန်းသော ကာမဆိုင်ရာ ဓလေ့များနှင့် အမျိုးသမီးများအပေါ် အတင်းအဓမ္မ သိမ်းပိုက်တတ်သည့် အလေ့အထများကို ကြားသိရသောအခါ အဝါသည် မိမိ၏ဘဝလုံခြုံမှုအတွက် များစွာ ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။ သာယာသော အနာဂတ်ကို မျှော်လင့်နေသည့် အဝါ့အဖို့ မိဘများကပင် မိမိ၏ ရုပ်ရည်နှင့် ခန္ဓာကိုယ်ကို အရင်းပြု၍ ချမ်းသာသော ကချင်လူပျို လဇွန်းလ နှင့် ပေးစားကာ စားဝတ်နေရေး ဖြေရှင်းရန် ကြံစည်နေကြသည်ကို သိလိုက်ရသောအခါတွင်မူ မိမိကိုယ်မိမိ ယူကျုံးမရဖြစ်ကာ ထွက်ပြေးလိုစိတ်များဖြင့် အသည်းအသန် ငိုကြွေးပူဆွေးရင်း ဘဝ၏ အကျပ်အတည်းနှင့် ရင်ဆိုင်နေရပုံကို တွေ့မြင်ရပါသည်။
စာမျက်နှာ
209
ပုံစံ
Paperback
ထုတ်ဝေသူ
စိတ်ကူးချိုချို
ထုတ်ဝေသည့်နှစ်
2018
ထုတ်ဝေမူ
2nd Edition
စာအုပ်အရွယ်အစား
20.5 × 13.3 cm
ISBN
978-9-997-11368-9
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
ဝတ္ထု
အမျိုးအစားခွဲများ
ဝတ္ထု